0

Ron Adams လို့ အမည်ရတဲ့ အသက် 84 နှစ်အရွယ် အဖိုးအိုဟာ ပြီးခဲ့တဲ့ 2002 ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက်
အဖြေကြောင့် အဆုပ် ကင်ဆာရောဂါကို ခံစားနေရကြောင်း သိခဲ့ရပါတယ်။ ဆရာဝန်တွေက အစစ အရာရာ တွက်ချက်ပြီး၊ Ron ကို သုံးလလောက်သာ အသက်ဆက်ရှင်တော့မယ်လို့ သတိပေးခဲ့ပါတယ်။
Ron ဟာ အခုဆို အသက် 84 ထိ ရောက်နေပြီဖြစ်ပြီး၊ ကျန်းကျန်းမာမာ ရှင်သန်နေထိုင်ဆဲ ဖြစ်ပါတယ်။ သူဟာ ဇနီးသည် နဲ့အတူ ဘာမင်ဂမ်မြို့ Marston Green မှာ နေထိုင်နေဆဲ ဖြစ်ပြီး၊ လက်ရှိအချိန်မှာ မြေးနှစ်ယောက် ရှိပြီဖြစ်ပါတယ်။တကယ် တော့ လွန်ခဲ့တဲ့ 15 နှစ်ခန့်တုန်းက သူ ချောင်းတွေ ဆိုးလွန်လို့ သွားရောက်စစ်ဆေးခံစဉ် ဆရာဝန်တွေပြောတဲ့ သတင်းဆိုးကို ကြားခဲ့ရတာပါ။
ဒါပေမယ့် အဲဒီချောင်းဆိုးရောဂါဟာ အာဂန္တုချောင်းဆိုးရောဂါသာ ဖြစ်ပြီး၊ Ron ကတော့ သူဟာ လာမည့်သုံးလလောက်ဆိုရင် လူ့ပြည်မှာ သေချာပေါက် နေရဖို့မသေချာတော့ဘူးလို့ ယူဆခဲ့ကာ စုဆောင်းထားသမျှ ပေါင် 50000 ကိုတောင် ပျော်ပျော်ပါးပါး ဖြုန်းတီးပစ်ခဲ့ပါတယ်။
Ron ဟာ ယခင်က ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက် ဖြစ်ပြီး၊ သူ့ရဲ့ သတင်းဆိုးကြောင့် ဈေးဝယ်ထွက်ခြင်း၊ ပေါင် 20000 တန် မာစီးဒီကားဝယ်ခြင်း၊ စစ်ကြိုခေတ်က ကားပုံစံငယ်များ ပြုလုပ်ခြင်းနဲ့ ဘ၀အချိန်တွေကို ဖြုန်းတီး ခဲ့ပါတယ်။ အဖိုးတန် လပ်ကီးငါး 7 ကောင်ဝယ်ခဲ့လို့ ပေါင် 3650 ကုန်ကျခဲ့ပါသေးတယ်။

ဒါပေမယ့် ငွေတွေသာ ကုန်သွားခဲ့ပြီး၊ Ron ဟာ သုံးလကြာလည်း မသေ၊ တစ်နှစ်ကြာလည်း ကျန်းမာရေးကောင်းဆဲ၊ အခု 15 နှစ်ကြော်ကြာတဲ့အထိ ကျန်းမာရေးက အဆင်ပြေနေဆဲဖြစ်ပါတယ်။ ဒီလို ဖြစ်ရခြင်း အကြောင်းအရင်းမှာ Clover အရွက် (သုံးလွှာတစ်ရွက် ရေစပ်စပ်ပေါက်သည့် အပင်ငယ်တစ်မျိုး) ကြောင့်လို့ Ron က ယူဆနေပါတယ်။
သူ့မှာရှိနေတဲ့ Clover ဟာ ရှားရှားပါးပါး 4 လွှာပါဝင်တဲ့ အရွက်ဖြစ်လို့ ဒီအချက်ကြောင့် သူက ကံကောင်းတယ်လို့ တွေး ကာ အဲဒီအရွက်ကလေးကို သွားလေရာဆောင်သွားတဲ့ အလေ့အထကိုတောင် စွဲမြဲနေပြီလို့ Ron က ဆိုပါတယ်။ အခုအချိန်ထိတော့ Ron ဟာ အသက် 82 နှစ်အတူ ပျော်ရွှင်စွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။
source : thesun.co.uk

Post a Comment

 
Top