ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ အကောင်အထည်ဖော်နေသော YBS စနစ်သစ်တွင် ထည့်သွင်းပြေးဆွဲရန် ကိုရီးယားနည်းပညာဖြင့်ထုတ်လုပ်မည့် ဘတ် စကားများ ထုတ်လုပ်နိုင်ရန် စာချုပ်ချုပ်ဆို တော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ၏ အရာထမ်းတစ်ဦးက မေလ ၂၂ ရက် က ပြောသည်။
အကျိုးတူပူးပေါင်းလုပ်မည်
ပြီးခဲ့သည့် မေလ ၂၀ ရက်က ရန်ကုန် မြို့ ကုန်သည်^စက်မှုအသင်းချုပ် UMFCCI တွင် ပြုလုပ်သော အစိုးရအဖွဲ့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက YBS ဘတ်စကားများ ထုတ်လုပ်မည့်အကြောင်း ပြောကြားခဲ့သည့်အပေါ် ပြည်မြန်မာသတင်း ဂျာနယ်ကဆက်သွယ်မေးမြန်းခဲ့ရာ အထက် ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ ဘတ်စကားတွေကို ပြင်ပကုမ္ပဏီနဲ့အကျိုးတူပူးပေါင်းပြီးထုတ် လုပ်ဖို့စီစဉ်ထားပါတယ်။ ပြည်တွင်းနဲ့ ပြည်ပ ကိုရီးယားနိုင်ငံတို့ပူးပေါင်းထားတဲ့ကုမ္ပဏီ တစ်ခုနဲ့ စက်မှုဝန်ကြီးဌာနတို့ အကျိုးတူလုပ် ကြမှာပါ။ အရင်က ကျွန်တော်တို့အနေနဲ့ ဘတ်စကားထုတ်နေရင်းနဲ့ ဌာနပိုင်မြေအ ဆောက်အအုံတစ်ခုကို ပုဂ္ဂလိကနဲ့ အကျိုး တူပူးပေါင်းမယ်ဆိုပြီးတော့ EOI ခေါ်လိုက် တယ်။ ဒီနေရာမှာဒါလုပ်ချင်တယ်လို့ စိတ် ဝင်စားတဲ့သူတွေကိုခေါ်တဲ့သဘောပေါ့။ အဲဒီအခါကျတော့ စိတ်ဝင်စားလို့လျှောက် ကြတဲ့ ကုမ္ပဏီတွေထဲကတစ်ခုနဲ့လုပ်ဖို့ စီ စဉ်နေတယ်။ အခုနိုင်ငံတော်ရဲ့ ခွင့်ပြုချက် တွေဘာတွေရပြီးတော့ စာချုပ်ချုပ်မယ့်အ ဆင့်ကို ရောက်နေပါပြီ''ဟု ယင်းအရာ ထမ်းက ပြောသည်။
ကိုရီးယားပညာရှင်များ ပါဝင်မည်
စက်မှုဝန်ကြီးဌာနပိုင်သော ထောက် ကြန့်မြို့နယ်အတွင်းရှိမြေပေါ်တွင် လက် ရှိအဆောက်အအုံအတွင်း မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းများကို ပြုလုပ်သွား မည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံဖြည့်တင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ကိုရီး ယားနည်းပညာဖြင့် အကျိုးတူ စတင်တည် ဆောက်သည့်အခါ ကိုရီးယားပညာရှင်များ လည်းပါဝင်မည်ဖြစ်ကြောင်း၊ အရည်အ သွေးအတွက် နည်းပညာကိုခိုင်မာအောင် ရယူမည်ဖြစ်ပြီး စက်မှုဝန်ကြီးဌာနအနေဖြင့် ကောင်း/မကောင်း မှန်/မမှန်ကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
''ပြည်သူတွေသုံးဖို့အတွက် အန္တ ရာယ်ကင်းရှင်းတဲ့ အရည်အသွေးတွေရဖို့ အတွက် ထပ်မံစိစစ်ပါမယ်။ သူတို့ရဲ့ဒီဇိုင်း အရ COA ထုတ်ပေးသင့် မပေးသင့်ကျွန် တော်တို့ ထပ်စစ်ပါမယ်။COA (Certi-ficate Of Approval) ရမှသာ ကုန်လမ်း ပို့ဆောင်ရေးကနေ ကညန လိုင်စင်ရဖို့အ တွက် ဆက်လက်ဆောင်ရွက်ပါတယ်''ဟု အဆိုပါအရာထမ်းကပြောသည်။
မေငယ်
Post a Comment