DT125 တွေရဲ့ အောင်မြင်မှုကို Yamaha ကပိုပြီး ဖြန့်ကျက်တဲ့ အနေနဲ့ Displacement ပိုများပြီး Engine power ပိုကောင်းတဲ့ Dirt Bike တွေကို Adult အရွယ်ရောက်ပြီးသား လူတွေအတွက် Target ထားပြီးထုတ်လုပ်လိုက်ပါတယ်... 1980s ခုနှစ်တွေမှာပေါ့...DT 200 R ဆိုပြီး 195cc,2 stroke Reed valves Engine နဲ့ DT125 ရဲ့နည်းနည်းပြုပြင်ထားတဲ့ Frame ပေါ်မှာပဲအခြေခံပြီးထုတ်လုပ်လိုက်ပါတယ်...
ဒီကောင်က Australia ကိုသွင်းရာမှာ Learner Approved မရပါဘူး... Adult ဈေးကွက်အတွက်ပဲ အဓိကရည်ရွယ်ပါတယ်... DT 200 R က အရောင်အားဖြင့် အနီနဲ့အဖြူစပ် များပါတယ်... RPM 8500 မှာ HP 33 ကောင်ထွက်ပြီး ပေါင် 240 လောက်လေးတဲ့ DT200 ကို Advanced level Dual purpose riders တွေအများဆုံး ရွေးချယ်ကြပါတယ်...

DT 125 R တွေက RPM 7500 မှာ HP 16.2 နဲ့ Fully Restriction လုပ်ထားတော့ RPM 8500 မှာ HP 33 အထိ
ဆွဲနိုင်တဲ့ DT 200 တွေကို Advanced level တွေက ပိုပြီးတော့ မျက်စိကျကြတာပေါ့ဗျာ...အဓိက ပြိုင်ဘက်က Kawasaki ရဲ့ KDX 200 dual purpose ဘီးပါ...

DT 200 R ထုတ်ပြီး 1989 ဝန်းကျင်မှာ DT 200 WR ဆိုပြီး ထုတ်ခဲ့ပါသေးတယ်...DT 200 R နဲ့ Specifications တွေအတူတူပါပဲ... 195cc,2 stroke reed valves single cylinder engine, Liquid Cooling, Autolube system ပါပါတယ်,CDI ignition, Kick start only,ရှေ့ နောက် disc brakes ,Gear 6 ချက်, HP 33 @ 8500 RPM နဲ့ DT 200 WR ဟာ DT 200 R ရဲ့ နောက်ဆက်တွဲ နာမည်သာပြောင်းသွားတဲ့ model တစ်ခုသာသာပဲဖြစ်ပါတယ်...အဲ ဒီကောင်က အရောင်တော့ ပြောင်းသွားတယ်...အဖြူရောင် plastic cover တွေ အများဆုံး အသုံးပြုထားတယ်...စတစ်ကာ အရောင်က ပန်းရောင် မိုးပြာရောင် တွေသုံးထားပြီး ထိုင်ခုံအရောင်တွေလည်း မိုးပြာရောင်တွေနဲ့ လာတက်ပါတယ်.. .မြန်မာနိုင်ငံမှာ အများတွေ့ရတဲ့ WR 200 ဆိုတာ ဒီကောင် DT 200 WR ပါပဲ...

1990s ဝန်းကျင်မှာတော့ WR200R ဆိုပြီး ထုတ်ခဲ့ပါသေးတယ်... DT 200 ရဲ့ frame မှာပဲ ဆီတိုင်ကီကို steel တိုင်ကီ အစား plastic တိုင်ကီတပ်ဆင်ပြီး weight တွေလျှော့,Autolube system ကိုဖြုတ်ပြီး MX racingဘီးတွေလို ထုတ်ခဲ့တာပါ...(Autolube မရှိတော့လို့ 2T oil ကို manual ပဲစပ်ပြီး တစ်ခါတည်း ထည့်ထားရပါတယ်...)...ဒီကောင်လည်း အဖြူရောင် plastic cover တွေ နဲ့ လာပါတယ်.. .အဲ့မှာပြောချင်တာက WR ဆိုတာက Wide ratio ကိုပြောတာပါ... Gear wide ratio ဖြစ်တယ် Gear ratio ရှည်တယ်ပေါ့ဗျာ...ဒီကောင်က ကျစ်ကျစ်လျစ်လျစ် နဲ့ အလေးချိန်ပေါ့ပါးပြီး တော်တော်လေးကို လျှင်မြန်မှုရှိပါတယ်...ပေါင် 220 လောက်ပဲလေးပါတယ်...RPM 9000 မှာ HP 35 ကောင်အထိ ထွက်ပါတယ်...199cc,2 stroke reed valves single cylinder engine, Liquid Cooling,CDI ignition, Kick start only,ရှေ့ နောက် dics brakes ,Gear 6 ချက်နဲ့ WR 200 R ဟာ DT 200 R နဲ့ Specifications တွေအတော်တူပါတယ်...တစ်ခုပဲရှိပါတယ်...Autolube ပါမလာပဲ...Cylinder Sleeve မှာ Exhaust port အပိုပါလာတာပါ...ဒါက DT 200 R ထက် ပါဝါပိုကောင်းရခြင်းပါပဲ...ပြီးတော့ Engine Displacement လည်း 199cc အထိရှိတာတွေ့ရမှာပါ...Exhaust port အပိုကလည်း Exhaust gas တွေကိုပိုစီးစေပြီး power valve ရဲ့ Restriction လုပ်မှုကိုလျှော့ချလိုက်တာပေါ့ဗျာ...


အဲ...1990s ဝန်းကျင်တွေမှာပဲ Honda ရဲ့ CRM 250 ,2 stroke dirt bikeက နာမည်ကြီးလာတော့ Yamaha ကလည်း Displacement ပိုများတဲ့DT 230 Lanza ကို ထက်ထုတ်ပါတယ်...CR 250 နဲ့ ယှဉ်ဖို့ပေါ့ဗျာ...DT 200 ရဲ့ Frame ပေါ်မှာပဲ ဒီဇိုင်း အနည်းငယ်ပြောင်းပြီးတော့ Lanza ကိုထုတ်လုပ်ခဲ့တာပါ...Engine ကွာခြားပြီး Starter ပါလာပါတယ်...224cc,2 stroke reed valves single cylinder,YPVS,Gear 6 ချက်,Electric Start,Liquid Cooling,Autolube system တွေနဲ့ Lanza ဟာပေါင် 270 ဝန်းကျင်လေးလံပြီး RPM 8500 မှာ HP 40 အထိထုတ်ပေးနိုင်ပါတယ်...ထူးခြားတာတစ်ခုက Lanza မှာ Traction control systemပါလာတာပါ...အခုခေတ်လို Computerize မဟုတ်ပဲ ရိုးရိုးလေးပါ...Fly wheel မှာ CDI sensor နဲ့ အတူ sonser လေးတစ်ခု တပ်ထားတယ်...လေးထောင့် အမည်းတုံးလေးနဲ့ ,ဒီကောင်က နောက်ဘီး ရုတ်တရပ် Slip ဖြစ်ပြီး RPM ဆောင့်တက်ပြီးလည်ပတ်ခဲ့ရင် sensor က သိရှိပြီးအဲ့ဒီ အမည်းရောင် box လေးကိုပို့တယ်,အဲ့ box လေးကတစ်ဆင့်CDI ကိုပို့ပြီး CDI က Ignition Timing ကိုလျှော့ချလိုက်တာပါ...အဲ့ခါမှာ Ignition Timing လျှော့သွားတော့ RPM လျှော့ကျသွားတာပေါ့...သူ့ခေတ်သူ့အခါကတော့ အလုပ်ဖြစ်ခဲ့ပါတယ်..

.နောက်ပိုင်း 2000s ခုနှစ်ရောက်လာတော့ တစ် ကမ္ဘာလုံးက Air pollution ကို ဂရုစိုက်လာကြတော့ ဒီကောင်တွေကို ဖျက်သိမ်းဖို့ ဖြစ်လာတာပဲ...2 Stroke Engine တွေက Displacement များလေ  မီးခိုးအထွက်များလာလေပဲလေ...2 stroke မီးခိုးတွေက သိတဲ့အတိုင်းပဲFuel တင်မက lub oil တွေပါ လောင်ကျွမ်းကုန်တော့ မည်းညစ်ညစ်နဲ့ လေထုညစ်ညမ်းစေတာပေါ့ဗျာ.. .အဲ့လိုမီးခိုးညစ်ညစ်တွေကို လျှော့ချဖို့Tuned pipe ကြီးထဲမှာ catalytic convertor တွေထပ်ထည့်ရတာပေါ့...အဲ့ဒါတွေထပ်ထည့်ရတော့ Tuned pipe ထဲ Exhaust gas တွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ နဂိုရှိတဲ့ပါဝါထက်လျှော့ကျ,ပြီးတော့Catalytic convertor တွေကဈေးကကြီးနဲ့ ဆိုတော့ ရောင်းဘီးတွေကိုဈေးထပ်မြင့်ရပေါ့...အဲ့လိုနဲ့ ဈေးကြီးပေးပြီး ပါဝါလည်း မကောင်းဘူးဆိုတော့ ဘယ် customers တွေက ဝယ်ချင်တော့မှာလဲ...နောက်တစ်ချက်က Sleeve reboring ကိစ္စတွေပဲ,နဂို ထဲကမှ 195cc224cc တွေနဲ့ Displacement ကြီးပြီးသားတွေ,Sleeve ထပ်ထိုးရတော့Bore size ကျယ်ပြီး Displacement တွေတက်လာ,Carburetor ကလုံလုံလောက်လောက် ဆီလေရောတွေမပေးနိုင်တော့နဲ့ ပြဿနာတွေတက်လာတော့တာပဲ...အဲ့ဒါနဲ့ပဲ ဒီကောင်တွေကို 2000s ဝန်းကျင်မှာ အပြီးသတ် ဖျက်သိမ်းခဲ့ပါတော့တယ်...ဈေးကွက်ထဲမှာတော့ DT 200တွေအများဆုံးတွေ့ရပြီး,DT 200 WR က အနည်းဆုံးတွေ့ရပါတယ်...Dirt bike version WR 200 က မတွေ့ရသလောက်ရှားပါးပြီး...Lanza တွေကို 2001 အထိတော့ထုတ်ခဲ့ပါသေးတယ်...Lanza က ပါဝါပိုများတယ် ဆီစားတယ် လေးလည်းလေးတဲ့အတွက် လူကြိုက်မများကြပါဘူး...ပြီးတော့ စောစောစီးစီးဖျက်သိမ်းခဲ့တော့ အပိုပစ္စည်းSpare parts တွေလည်း သိပ်မထုတ်ခဲ့ကြတော့ အပိုပစ္စည်းရှားပါးတဲ့ပြဿနာတွေလည်းရှိကြပါတယ်...




နိဂုံးချူပ်ရရင် 2000s မှာ DT 200, WR 200 ,Lanza တွေအားလုံး အဆုံးသတ်သွားပြီး, DT 125 series တွေမှာတော့DT 125 RE ကို 2007 အထိ,DT 125 X ကို 2008 အထိထုတ်လုပ်ခဲ့ကြပါကြောင်း...


Yamaha WR series များရဲ့ ဘိုးအေကြီး DT200WR 2 Stroke မော်ဒယ် အကြောင်း ဆက်လက်ဖတ်ရှုရန်နှိပ်ပါ


.....................အားလုံးပဲဆိုင်ကယ်ဗဟုသုတတွေနဲ့ပြည့်ဝကြပါစေ..................
...........................Sharing knowledge is developing mankind.........................
..........................................By Lawrence Peace...........................................
 
Top