သရုပ်ဆောင် စံရတီမိုးမြင့်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်က ပရိသတ်တွေကို ဖျော်ဖြေဖို့ရောက်တဲ့ Soulija Boy နဲ့ ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ပရိသတ်ရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံခဲ့ရတဲ့ စံရတီမိုးမြင့်ဟာ မနေ့က သူမရဲ့ Facebook အကောင့်ကနေပြီး ပရိသတ်တွေကို ပြန်လည်ဖြေရှင်းတဲ့ Post တစ်ခု ရေးသားပြီးတင်ခဲ့ပါတယ်။
စံရတီမိုးမြင့် သူမပရိသတ်တွေကိုပြန်ဖြေရှင်းလိုက်တဲ့ Post ထဲမှာတော့ “ပွဲလေးသွားကြည့်မိပါတယ်.. Soulija Boy ဆိုပြီးတော့ ဓာတ်ပုံရိုက်တဲ့ သူတွေတစ်အုပ်တစ်မကြီးကြားမှာ ကိုယ်လဲဝင်ရိုက်ခဲ့မိတာ.. သူများတွေလဲရိုက်တာဘဲ
ကိုယ့်ကျမှ…သူလဲဒီနိုင်ငံမှာလူဖြစ်ခဲ့ရင် အဆိုတော်ဖြစ်ဖို့ နေနေသာသာ အိုးတွေဝယ်တယ် ဒန်တွေဝယ်တယ်
ဘဝကတက်မှာမဟုတ်ဘူး…တော်ပြီ.. နောက်ဆို အသားညိုရင်တောင် ဓာတ်ပုံတွဲမရိုက်တော့ဘူး… ဒါဘဲ” ဟု ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ပရိသတ်တွေအနေနဲ့ Soulija Boy နဲ့တွဲရိုက်ခဲ့တဲ့ လူတွေအများကြီးထဲကမှ ဘာလို့ စံရတီမိုးမြင့်တစ်ယောက်တည်းကိုပဲ ဝေဖန်ကြတာလည်းဆိုတော့………
Source : San Yati Moe Myint FB