မိခင်တစ်ယောက်ရဲ့ဘဝဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ များပြားလှတဲ့ တာဝန် ဝတ္တရားတွေ၊ ကြိုးစားအားထုတ်ရမှုတွေကို ကိုယ်စားပြုထားရတာမို့ တော်ရုံစွမ်းဆောင်နိုင်မှုမဟုတ် တာအမှန်ပါ။ အထူးသဖြင့် အသက်နဲ့ရင်းပြီး မိမိတို့ရဲ့ရင်သွေးတွေကို မွေးဖွားရဲတာကတော့ မိခင်တွေ ရဲ့ အပြောင်မြောက်ဆုံးသတ္တိပါပဲ။
မိခင်တွေဟာ သားသမီးဆိုတဲ့ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ ...
၁။ ခွဲစိတ်ခန်းထဲကို ရဲရဲဝံ့ဝံ့ဝင်ကြတယ်။
တကယ်တော့ ကလေးမွေးဖွားဖို့ ခွဲစိတ်တာကလည်း တခြားသောအကြီးစား ခွဲစိတ်မှုတွေနဲ့ မ ခြား အသက်အန္တရာယ်နဲ့ပြည့်နေတဲ့ခွဲစိတ်မှုဖြစ်ပါတယ်။ ခင်ပွန်းသည်နဲ့မိသားစုကိုအပြင်မှာချန်ထားခဲ့ ပြီး အားကိုးရာမဲ့စွာ ခွဲစိတ်ခန်းထဲဝင်သွားရမယ့် မိန်းမသားတစ်ယောက်အတွက် သတ္တိဆိုတာ မိမိရင် သွေးလေးအပေါ် ချစ်ခြင်းမေတ္တာကြောင့်သာဖြစ်တည်လာတာပါ။ အဲ့ဒီချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ အရာရာကို သက်စွန့်ဆံဖျားကျော်ဖြတ်ကြတဲ့ မိခင်တွေရဲ့သတ္တိကတော့ တကယ့်အံ့မခန်းပါပဲ။
၂။ ခွဲစိတ်ခြင်းကို ခံယူဝံ့ကြတယ်။
ကလေးတစ်ယောက်ကို ခွဲစိတ်မွေးဖွားရတာက စွန့်စားမှုတွေနဲ့ပြည့်နှက်နေတာပါ။ ခွဲစိတ်နေ စဉ်အတွင်း ထုံဆေးအရှိန်ကြောင့်မနာကျင်ပေမဲ့ ခွဲစိတ်နေတာတွေကို သိမြင်နေရတဲ့ မိန်းမသားတစ် ယောက်ရဲ့စိုးရိမ်ပူပန်ထိတ်လန့်နေမယ့် ခံစားချက်ကို တွေးဆကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒါပေမဲ့ မိမိရဲ့ မွေးဖွားလာမယ့်ရင်သွေးလေးရဲ့ ကျန်းမာရေးကောင်းဖို့ကိုပဲ ရှေ့ရှုကျော်ဖြတ်တတ်ကြတာကတော့ မိ ခင်တွေရဲ့သတ္တိပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၃။ ခွဲစိတ်ခြင်းရဲ့ရလဒ်အားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရဲကြတယ်။
မိခင်တွေဟာ မီးဖွားတဲ့အချိန်ရဲ့အခက်အခဲတွေကို မိခင်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ဘာကိုမှ စောဒကမတက်ဘဲ ဖြတ်ကျော်ကြတယ်။ ခွဲစိတ်မီးဖွားခြင်းရဲ့နောက်ဆက်တွဲအခြေအနေတွေကို လက်ခံရင်ဆိုင်ဖို့ သတ္တိရှိကြတာကလည်း မိခင်တွေပါပဲ။
သားသမီးအပေါ်မေတ္တာစိတ်သက်သက်နဲ့ အသက်နဲ့ရင်းပြီးမွေးဖွားကြတဲ့ မိခင်တွေရဲ့သတ္တိ ကတော့ တကယ့်ကို အံ့မခန်းပါပဲ။

Ref: Gandawin magazine
 
Top