0
Bella Hadid ဟာတကယ့်ကို ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ယောက် ပီသပါ တယ်။သူမဟာ နာမည်ကျော်ဖိနပ် Brand ဖြစ်တဲ့ Nike ရဲ့ ကြော်ငြာ သစ်ကို ရိုက်ကူးပေးခဲ့ပါတယ်။Nike Cortez sneaker ကြော်ငြာ အတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တာပါ။
သူမဟာ (၁၉၇၂)လောက်က ဖိနပ်ဒီဇိုင်းပုံစံတွေဖြစ်တဲ့ အနီ၊အဖြူနဲ့အပြာရောင် ရှူးတွေကို Bella Hadid က ၀တ်ပြီး ရိုက်ပြခဲ့တာပါ။အားကစား Sport ၀တ်စုံမျိုးကို ၀တ်ပြီး၊စကိတ်ပြားကို ကိုင်ကာ ရိုက်ပေးခဲ့သလို၊ Classic ဖြစ်တဲ့ ၀တ်စုံဒီဇိုင်းမျိုးနဲ့လည်း ရှူးကို ၀တ်ပြခဲ့ပါတယ်။သူမကတော့ ဘယ်လိုအ၀တ်အ စားနဲ့ပဲ ၀တ်ရိုက်ရိုက် လုံးဝလိုက်ဖက်နေတာကို တွေ့ရမှာပါ။
သူမကြော်ငြာခဲ့တဲ့ Nike Cortez sneakersဖိနပ်တွေကတော့ လာမယ့် ဇူလိုင်လောက်မှာ ဈေး ကွက်ထဲမှာရရှိမှာပါ။ nike.com မှာတော့ ဇွန်(၁) ရက်နေ့က စပြီး ရနိုင်မှာဖြစ်ကာ ဈေးနှုန်းအမေရိကန်ဒေါ်လာတစ်ရာလို့ သိရပါတယ်။

Ref;harpersbazaar

Post a Comment

 
Top