မင်းသမီးချောကြီး Connie Nielsen ဟာ သူမပါဝင်ထားတဲ့ ဇာတ်ကားသစ် Wonder
Woman ဇာတ်ကား အရောင်း မြှင့်တင်ပွဲမှာ လေတစ်ချက် မထင်မှတ်ပဲ
အဝှေခံလိုက်ရပြီးနောက် သူမရဲ့ စကပ်အနီဟာ အပေါ်ကို လန်တက်သွားပြီး
မပေါ်သင့်တာတွေ ပေါ်ကုန်ပါတော့တယ်။

ဒိန်းမက်မင်းသမီးချောကြီး Connie ဟာ နယူးယောက်ခ်မှာကျင်းပခဲ့တဲ့ ပရိသတ်နဲ့မိတ်ဆက်ပွဲမှာ ယခုအဖြစ်အပျက် ဖြစ်ခဲ့ တာဖြစ်ပါတယ်။ Wonder Woman ဇာတ်ကားမှာ Connie ဟာ အဓိကဇာတ်ကောင် မင်းသမီးရဲ့ မိခင် Queen Hippolyta အဖြစ် သရုပ်ဆောင်ထားပြီး မင်းသမီးအဖြစ် အသက် 32 နှစ်အရွယ် ဖိုက်တင်မင်းသမီး Gal Gadot က သရုပ်ဆောင်ထားပါတယ်။

Gel ဟာ Batman v Superman ဇာတ်ကားထဲမှာလည်း ပါဝင်ခဲ့ပေမယ့် ယခု Wonder Woman အက်ရှင်ဇာတ်
ကားမှာတော့ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခွင့်ရထားသလို၊ သရုပ်ဆောင်ခဲ့ရတာကိုလည်း အားရကျေနပ်ကြောင်း ဖွင့်ဟထားသူ ဖြစ်ပါ တယ်။

နှစ်ဦးစလုံးဟာ လာမယ့်အပတ်မှာ Leicester Square ရင်ပြင်မှာ European premiere ပွဲတော် ပြုလုပ်ဖို့ ကနဦးက စီစဉ်ထား ပေမယ့် အကြမ်းဖက်အန္တရာယ်သတိပေးချက်ကြောင့် ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ယခုလို ထင်မှတ်မ ထားပါဘဲ အရှက်ကွဲရတဲ့အဖြစ်အပျက်ဟာ လက်သွက်လွန်းတဲ့ ကင်မရာဆရာ ပါပါရာဇီတွေကြောင့်လို့ တစ်ချို့က ဝေဖန်
ကြပါတယ်။

သရော်စာရေးသူတွေကတော့ Connie အနေနဲ့ နောက်တစ်ခါ ဒီထက်ပိုပြီး အရှက်မကွဲရလေအောင် အောက်ခံဘောင်းဘီ ရှည်ရှည်ဝတ်တဲ့အကျင့် လုပ်ထားသင့်ကြောင်းလည်း သရော်ခဲ့ကြပါတယ်။ Connie ဟာ အခုဆိုရင် အသက် 51 နှစ်အ
ရွယ်ကို ရောက်နေပြီး၊ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

source : thesun.co.uk

Post a Comment