ဟောလိဝုဒ်အကျော်အမော် ဝဲလ်စမစ် ရဲ့ သားလေး ဂျေဒန်စမစ်ကို ဂျက်ကီချမ်းရဲ့ ဇာတ်ကားထဲမှာ ကလေးသရုပ်ဆောင်လေးအဖြစ် မှတ်မိကြဦးမှာပါ။

ဟောလိဝုဒ်ရဲ့ လူပြောများတဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ Met Gala ပွဲကတော့ နှစ်စဉ်နှစ်တိုင်းလိုလို ကမ္ဘာကျော်ဒိတ်ဒိတ်ကျဲဆယ်လီတွေ က အလန်းဆုံးဖက်ရှင်တွေကိုယ်စီ နဲ့ တက်ရောက်ကြတာဖြစ်ပါတယ်။

ယခုနှစ်ကျင်းပတဲ့ မက်ဂယ်လာ ပွဲကိုတော့ ဆယ်ကျော်သက်ကောင်လေး ဂျေဒန်စမစ်ကလည်း အခုလို ထူးထူးခြားခြား လေးတက်ရောက်ခဲ့လို့ လူပြောများနေပါတယ်။

ကတုံးဆံပင်ပေါက်နဲ့ ဂျေဒန်က ကော်ဇောပေါ်မှာ ညှပ်ထားတဲ့ သူ့ရဲ့ဆံပင်တွေကို လက်ကကိုင်ကာ ယုံကြည်မှုရှိရှိနဲ့ ပွဲတက်ခဲ့ပါတယ်။

သူ့ရဲ့ ဖက်ရှင်နဲ့ ပွဲတက်ပုံကတော့ သူများတွေနဲ့မတူပဲ ထူးခြားနေလို့ ပရိသတ်တွေနဲ့ မီဒီယာတွေကြား ခေတ်စားလျက်ရှိပါတယ်။
ဂျေဒန်စမစ် ဟာ ဂျက်စတင်ဘီဘာရဲ့ သီချင်းမှာလည်း ပါဝင်ခဲ့ဖူးတဲ့ ဆယ်ကျော်သက်ငွေကြယ်ပွင့်တစ်ဦးလည်း ဖြစ်ပါတယ်။




 
Top