iPhone 8 ကို ဒီနှစ်ဈေးကွက်မှာ မြင်တွေ့ ဖွယ် မရှိနိုင်ဘူးလို့  ကောလာဟလတွေ ထွက်နေပေမယ့် ဒီဖုန်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဒီဇိုင်းများကတော့ တရစပ်တက်နေဆဲပါ။ ယခုနောက်ဆုံးထွက်လာတဲ့ ဒီဇိုင်းကလည်း ဈေးကွက်ထဲရောက်လာမယ့် iPhone 8 နဲ့ အတော်လေး နီးစပ်မှု ရှိတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။
 

Apple ဟာ iPhone 8 မှာ home button ဖြုတ်ပြီး MacBook Pro လိုမျိုး function area နဲ့ ထွက်လာဖို့ ရှိနေပါတယ်။ ဒီအချက်ကို အခြေခံပြီး iDropNews မှ ဘန်ဂျမန်ဂတ်စကင်ကနေ ထုတ်လိုက်တဲ့ iPhone 8 ဒီဇိုင်းပုံတွေအရ function area မှာ virtual home button တစ်ခု ပါရှိမှာ ဖြစ်ပြီး လက်ဗွေအာရုံခံစနစ်ကို display အောက်မှာ ထည့်သွင်းသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒီတော့ သီချင်းနားထောင်တာမျိုး ၊ ဗွီဒီယိုကြည့်တာမျိုးမှာ virtual buttons တွေနဲ့ ကိုယ်လိုချင်သလို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ MacBook Pro သစ်ပေါ်က Touch Bar နဲ့ အလုပ်လုပ်ဆောင်ပုံနဲ့ တူပါတယ်။
 

ဂတ်စကင် ပုံစံထုတ်ထားတဲ့ iPhone 8 ဒီဇိုင်းပုံ ၇ ပုံလုံးဟာ မျက်နှာပြင် ၅.၈ လက်မအရွယ် OLED ကို ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ screen size အနေနဲ့ ၅.၈ လက်မရှိတယ်ဆိုပေမယ့် display မှာ ပုံမှန်အတိုင်း သုံးလို့ ရတာကတော့ ၅.၁၅ လက်မပဲ ရှိမယ်လို့ ဆိုပါတယ်။ ကျန်တာကတော့ function area ဖြစ်ပါတယ်။ သို့ သော်လည်း Touch ID ကို iPhone 8 မှာ သုံးမသုံးဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အကြောင်းကတော့ iPhone 8 display ထဲမှာ fingerprint sensor နဲ့ Touch ID ကို တွဲပြီး ထည့်မြှပ်ထားတာဟာ ဒီဇိုင်းပိုင်းရော နည်းပညာအရပါ အခက်တွေ့ စရာ ဖြစ်နေတယ်လို့ သုံးသပ်ထားကြတာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ Touch ID ထည့်မယ်ဆိုရင်တော့ function area ထဲမှာပဲ ထည့်ထားဖို့ ရှိပါတယ်။

 မကြာသေးမီက အွန်လိုင်းပေါ် Foxconn စက်ရုံမှ ပေါက်ကြားလာတဲ့ iPhone 8 ရဲ့ စက်ရုံထုတ်မော်ဒယ်ပုံစံကြမ်းများအရ နောက်ဘက်မှာ ဒေါင်လိုက်နှစ်လုံးတွဲ ကင်မရာစနစ်နဲ့ လာဖို့ ရှိနေပါတယ်။  ဒီဖုန်းကို iPhone 8 ၊ iPhone X နဲ့ iPhone Edition ဆိုပြီး အမျိုးမျိုး ခေါ်နေကြပါတယ်။ နာမည်အတိအကျကိုတော့ လာမယ့် ဇွန်လ WWDC ပွဲမှာ အတည်ပြုသွားဖို့ ရှိပါတယ်။ 
 


 
Top