ယခု-ရက်ပိုင်းမှစပြီး-တစ်ပြည်လုံးအပူချိန်သိသိသာသာမြင့်တက်နေပါသည် ။နေ့လည်-၁၁-နာရီကစလို့-ညနေ -၄နာရီ ခွဲလောက်အထိ-တော်တော်ပူပါသည်
ဒီတော့ပတ်ဝန်းကျင်တစ်ခုလုံးလေပူများသာဝိုင်းရံနေပါသည် ။ကားများအတွက်-အင်ဂျင်ခန်းအပူချိန် / အပူရှိန်မြင့်တက်ေ နပါသည် ။



ဒါကြောင့်မို့-ကားအင်ဂျင်ကရေမဆူ-အိုဗါဟိမတက်ခင်-ရုတ်တရက်-အင်ဂျင်ခန်းအပူချိန်လွန်ကဲကာ-မီးထလောင် တတ် ပါသည် ။အဲကွန်းဖွင့်ချင်းမဖွင့်ချင်း-အိပ်ဇောကျောက်ဇကာပိတ်ချင်းမပိတ်ချင်း-ခွဲထားခြင်း-ခွဲမထားခြင်းတို့နဲ့တိုက်ရိုက် မ သက်ဆိုင်ပါ ။
အင်ဂျင်ခန်းအတွင်းရှိ-၀ါယာကြိုးများလောင်ကျွမ်းနိုင်ခြင်း- သက်တမ်းအို-သက်တမ်းလွန်-ဆီပိုက်များပေါက်လောင်နို င်ခြင်း တို့ကြောင့် အင်ဂျင်ခန်းကစပြီးမီးလောင်တတ်ပါသည်။
ပရိုဘောက်မှမီးလောင်တတ်သည်မဟုတ်တော့ပါ-အခုဆိုရင်-ကလူဂျာလိုကားမျိုးပါလောင်နေပါတော့သည် ။ မြို့ပြင် မှာ-လေ၀င်လေထွက်ကောင်းနေရက်သားနဲ့-မောင်းလာရင်း အင်ဂျင်မပူ-ရေမဆူပဲ-မီးထလောင်တတ်ပါသည် ။

ပတ်ဝန်းကျင်အပူချိန်လွန်ကဲနေခြင်းက-ကားမီးလောင်ဘို့အထောက်အကူများစွာပေးနိုင်ပါသည် ကားမောင်းရင်း လျှပ်စစ် နဲ့ဆိုင်သောPower Supply များကိုအလွန်အကျွံသုံးစွဲတာလည်းယခုရက်ပိုင်းမှာတတ်နိုင်သလောက်လျှော့ချပါ ။
အသေချာဆုံးက-မီးသတ်ဆေးဗူးကို-၁ဗူးမကဆောင်ထားပါ ။ထူးခြားမှုဖြစ်ပါက-ကားသော့ကို အမြန်ဆုံးပိတ်ပြီးချွတ် လို က်ပါ ။ဆီတိုင်ကီကတိုက်ရိုက်မောင်းပို့တဲ့ EFI-ပန့်က ပရက်ရှာကတော်တော်များပါသည် စက်ရပ်သွားေ တာင် လက်ကျန် ဖိအားများနဲ့ပန်းထွက်လာပါသေးသည်။
အကောင်းဆုံးကတော့–မနက်စောစောကားမောင်း-နေပူလာရင်နား- ညနေစောင်းမှကားပြန်ထွက် အဲ-မြင်ကွင်း မေ ကာင်းတဲ့ညလည်းမမောင်းနဲ့- ဆိုင်ကယ်-ဆိုက်ကား-စက်ဘီး-တို့ကိုလည်းသတိပြုရအုံးမယ်။
Photo ခရက်​ဒစ်​ fb မှ မူရင်းလူအားလုံး ​ပေးပါသည်
 
Top