Instagram မှာ ဓာတ်ပုံတစ်ပုံတင်ရုံနဲ့ $ 7000 ရတဲ့ စုံတွဲ




အသက် ၂၆ နဲ့ ၂၄ နှစ် အသီးသီးရှိပြီဖြစ်တဲ့ Jack Morris နဲ့ သူ့ရဲ့ ရည်းစား Lauren Bullen တို့ဟာ Instagram ရဲ့ လူသိများထင်ရှားစိတ်ဝင်စားခြင်းခံရတဲ့  စုံတွဲဖြစ်ပါတယ်။
ဒီလူငယ် လင်မယားဟာ ကမ္ဘာ့ကို လှည့်ပတ်ခရီးသွားရင်း ဘဝကို  အမိုက်စား ဖြတ်သန်းနေကြပါတယ်။ ဒီလို ခရီးသွားနေရင်းနဲ့လည်း သူတို့ရဲ့ Instagram photo တွေက တဆင့် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ နေရာဒေသတွေကို ကြော်ငြာပေးရင်း ဂဏန်းခြောက်လုံးရှိတဲ့ လစာကို ရရှိနေတဲ့ သူတွေလည်း ဖြစ်ပါတယ်။
သူတို့ရဲ့ အောင်မြင်လှတဲ့ Travel blogs တွေမှာ 3 Million ကျော်တဲ့ followers တွေ ရှိနေခဲ့ကာ  Manchester မြို့က လာတဲ့ Moris ရဲ့ blog က Do You Travel ဖြစ်ပြီး Australian နွယ်ဖွား Bullen ကတော့ Gypsea Lust ဆိုတဲ့ Blog ရဲ့ ပဲ့ကိုင်ရှင်ပါ။
Do You Travel ရဲ့ ပိုင်ရှင် Morris ကတော့ အသက် ၁၇ နှစ်မှာ ကျောင်းထွက်လိုက်ပြီး မနက် ၉နာရီကနေ ညနေ ၅ နာရီထိ ကော်ဇောသန့်ရှင်းရေး အလုပ်ကို အသက် ၂၁ နှစ်ထိ လုပ်ခဲ့သူပါ။ နောက်ပိုင်းမှ Bangkok ကို One-way ticket ဝယ်ပြီး သူ့ရဲ့ စွန့်စားမှုခရီးစဉ်ကို စတင်ခဲ့သူ ဖြစ်ပါတယ်။
သူစုထားတဲ့ စုငွေလေး ကုန်သွားတဲ့ အခါမှာတော့ သူဟာ ရတဲ့ အခွင့်အရေးကို အသုံးချပြီး Instagram ကနေ ပိုက်ဆံရှာဖို့ စတင်ပြုလုပ်ခဲ့ပြီး သူ့ Account မှာ ကုန်အမှတ်တံဆိပ်တွေကို ကြေငြာပေးခဲ့ကာ အဲဒီက ရတဲ့ ပိုက်ဆံနဲ့ ခရီးတွေ ဆက်သွားပါတယ်။ ပြီးရင် သူ့ကိုယ်ပိုင်ဓာတ်ပုံတွေကို သူ့ကိုယ်ပိုင် account မှာ တင်ပြီး Follower စုပါတော့တယ်။ Follower တွေ များလာတဲ့အခါမှာ ကုန်အမှတ်တံဆိပ်နဲ့ Tourist Boards အဖွဲ့တွေဟာ သူ့ကို Sponsored Content Jobs တွေ ပေးဖို့ ချဉ်းကပ်ပါတော့တယ်၊ ဒီလိုနည်းနဲ့ သူငွေရှာခဲ့တာပေါ့ဗျာ။
Morris ရဲ့ Cosmopolitan ကို ပြောကြားချက်အရတော့ သူဟာ Instagram မှာ post တစ်ခုတင်ရုံနဲ့ $9000 (£7,200) ရရှိပြီး သူ့ချစ်သူ Bullen ကတော့ ဓာတ်ပုံတစ်ပုံတင်ရုံနဲ့ $7500 ((£6,000) လောက် ရရှိနေတာ ဖြစ်ပါတယ်။ Morris ထပ်ဖြည့်ပြီး ပြောခဲ့တာကတော့ သူ့အနေနဲ့ Post တစ်ခုအတွက် $3,000 (£2,400) ထပ်နည်းပြီး ရရင် တင်မှာ မဟုတ်ပါဘူးတဲ့။
International brands တွေဟာ အမှန်အကန်ကို ငွေသုံးနေကြပြီး ဖုန်း company တစ်ခုဆိုရင် နှစ်ရက်စာ ရိုက်ကူးရေးနဲ့ Instagram မှာ တင်မယ့် ဓာတ်ပုံ ၅ ပုံအတွက်ပဲ Morris ကို $35,000 (£28,105) ပေးချေခဲ့ဖူးပါတယ်။
ဒီ ချစ်သူစုံတွဲလေးဟာ သူတို့ရဲ့ ချစ်သက်တမ်းတစ်နှစ်ပြည့်နှစ်ပတ်လည်ကို လွန်ခဲ့တဲ့ နှစ်ပတ်အကြာက ကျင်းပခဲ့ပါတယ်။ သူတို့ စတွေ့တာတော့ Fiji ကျွန်းနိုင်ငံလေးမှာ ဖြစ်ပြီး အလုပ်တစ်ခုတူတူလုပ်ရင်းတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ နေထိုင်နေပါတယ်။ (သာယာလိုက်တာဗျာ )
ဒီလိုတွေ ပြောနေလို့ မင်းဟာ ဟုတ်မှ ဟုတ်ပါ့မလားကွာဆိုရင် အောက်မှာ သူတို့ရဲ့ အံ့မခမ်းလှပတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် သူတို့ကို ဒီလောက်ပေးရတာ တန်ပါတယ်လို့ ခင်ဗျားတို့ ထောက်ခံလာမှာပါ။ ဓာတ်ပုံတစ်ပုံချင်းစီကို သေချာပြင်ဆင်ပြီး အချိန်ပေးပြီး ရိုက်ထားတယ်ဆိုတာရယ်၊ သူတို့ သွားခဲ့တဲ့ နေရာဒေသတွေရဲ့ အလှတရားတွေကို ပေါ်လွင်အောင် ရိုက်နိုင်ခဲ့တယ်ဆိုတာတော့ ငြင်းလို့ မရတဲ့ အချက်ပါပဲ။
သူတို့ရဲ့ ဒီရင်သပ်ရင်မောစရာ ဓာတ်ပုံတွေ ဘယ်လို ရလဲလို့ မေးခဲ့တော့ Morris က “သူဟာ ဒီပုံတွေ အတွက် apps ဒါမှ မဟုတ် filters တွေ သုံးခဲ့တာ မဟုတ်ဘဲ သူ့ Macbook Pro မှာ Adobe Photoshop Lightroom ကို သုံးပြီး တည်းဖြတ်ခဲ့တာပါ”လို့ ဆိုပါတယ်။
သူ့လိုမျိုး အောင်မြင်ချင်တဲ့ First Time Bloggers တွေ အတွက် သူ့ရဲ့ အကြံပေးချက်ကတော့ “ခရီးသွားဖို့ အရမ်းကြီး ပြင်ဆင်မနေပါနဲ့၊ သွားမယ်ဆိုရင် အထုပ်အပိုးပြင်၊ One-way flight ticket ကို ဝယ်ပြီး၊ ဟိုကို ရောက်မယ့် ပထမဆုံးညအတွက် အခန်းတစ်ခန်းရှိရင် ရပါပြီ။ ပေါင်းသင်းဆက်ဆံရေးကောင်းပါစေ၊ ပြီးတော့ လူသစ်တွေနဲ့ အပေါင်းအသင်းလုပ်ပါ”ဆိုပြီး ပြောပြခဲ့ပါတယ်။




source: Akhyar
 
Top