"ငရဲမင်းကြီးဒီမှာတစ်ယောက်...
"ခေါ်ခဲ့ငါစစ်ဆေးမယ်..
"မင်းနာမည်ဘသူလဲပြောစမ်း..
"ကျွန်တော်စောက်ကြောတင်းပါငရဲမင်းကြီး...
"မင်းဘလိုဖြစ်ပြီးဒီကိုရောက်လာတာလဲ..
"မနေ့ညကဖုန်းသုံးနေရင်းဝုန်းခနဲ့ပေါက်ကွဲပီးတော့အခုဒီရောက်လာတာပါငရဲမင်းကြီးကျွန်တော်မလာတတ်ပါဘူးသူများခေါ်လာတာနေမယ်..
"မင်းလူပြည်မှာဘာကုသိုလ်ကောင်းမှုလုပ်ခဲ့လဲ..
"ကျွန်တော်သူများရီအောင်ဟာသရေးတယ်..ပြီးရင် Facebook အကောင့်တွေတစ်ခုခုဖြစ်ရင်ကူညီတယ်.ဘုန်းကြီးအကောင့်နစ်ကောင့်တောင်ကူညီခဲ့သေးတယ်ငရဲမင်းကြီး..
"အိမ်း...မင်းကကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တာပဲ..
"ဟုတ်ငရဲမင်းကြီး..
"ရော့..ဖုန်းမင်းအကောင့်ပြ..
"ဟမ်..ခုခေတ်ကြီးများတိုးတတ်ချက်ငရဲမင်းတောင် i phone နဲ့ Facebook သုံးတယ်..
"ဒီမှာပါငရဲမင်းကြီး..
"ဟမ်..
"ငရဲမင်းကြီးအကောင့်က..
"ကွီးရာမမင်း လေပန်းပုံလေးတင်ထားတယ်..
"အော်..ဟိုတစ်ခါဟတ်ကာတွေနဲ့ VC ဖြစ်နေတာငရဲမင်းကိုးကျွန်တော်ဝင်ရှင်းပေးတာလေ..
"ဟုတ်တယ်..လေအာ့မှာအကောင့်ကျလို့အခုအသစ်ဖွင့်ထားတာလေ MC Yar Ma ဆိုပြီး ဟတ်ကာပုံတင်ထားတယ်ကွ..
"ဟုတ်..လူ့ပြည်ပြန်ရောက်ရင် အပ်လိုက်ပါမယ်..
"မင်းကိုဘသူကလူပြည့်ပြန်ခိုင်းမယ်ပြောလဲ..
"ဟမ်..
"အစောင့်ယောက်လာ..သူ့ကိုငရဲအချုပ်ထဲထည့်ထားလိုက်..စားကောင်းသောက်ဖွယ်တွေကျွေး VIP အခန်းမှာထားကြားလား..
"ဟုတ် !!!!!
"ငရဲမင်းကြီးချမ်းသာပေးပါငရဲမင်းကြီးချမ်းသာပေးပါ..
"ညကျမှမင်းနဲ့တွေ့မယ်..ခုခနသွား..
ငရဲပြည်ကအချုပ်ခန်းသာဆိုတယ်..ကိုရီးယားပါကေးခင်းထားတာပြောင်လတ်နေတာပဲအထည်းမှာလဲ Sky Net နဲ့ ဖလပ် TV ၄၂ လက်မနဲ့ အဲကွန်းကလဲအေးဆိပ့်နေတာပဲ..အိမ်သာရေချိုးခန်းတွဲပါတယ်..အိမ်သာမှဘိုထိုင်အိမ်သာ..ကုတင်ပေါ်မှာလဲဆိုဖာကြီးကတစ်တောင်ကျော်တယ်..ဘေးကစားပွဲပေါ်မှာ လက်တော့ နဲ့ လက်တော့ လေးဖွင့်ပြီးရလိုရငှါး Wifi ဖွင့်လိုက်တယ်..အားလား.. wifi Free ဟ..ရေမိုးချိုးပြီး..အစောင့်တွေလာပို့ထားတဲ့ ဒံပေါက်နစ်ပွဲကိုဗိုက်ဆာဆာနဲ့ကြိတ်ပြီးခနမှေးလိုက်တယ်..အိပ်ယာနိုးတော့ လက်တော့ လေးဖွင့်ပြီး Facebook အကောင့်ထည်း ဝင်ကြည့်လိုက်တယ် Friend request တတ်နေလို့သွားကြည့်တော့ MC Yar Ma တဲ့ ဟတ်ကာပုံတင်ထားတယ် wall ထည်းမှာလဲ ဆဲထားလိုက်တာပွနေတာပဲ..ငရဲမင်းအကောင့်ဆိုတော့လက်မခံလို့လဲမရဘူးလေ..လက်ခံပြီးတော့ Message Noti တတ်လာတယ်..
"Hi ညေး
"Hi ဘဒို
"Wall ထည်းဝင်ပြီးကွီး Post ဒေ Like ပေးအကုန်..
"ဟမ်...အု..
Wall ထည်းဝင်ပြီးသူ့ Post တွေအကုန် Like ပေးပြီး About ထည်းဝင်ကြည့်တော့ အားလားးလား Sex Page ဒေနည်းတာမဟုတ်ဘူး..အေ့လေ..ဒီလိုလုပ်လို့လဲငရဲမင်းဖစ်တာပဲလေကောင်းတာလုပ်ရင်သကြားမင်းဖြစ်မှာပေါ့ဟုတ်ဖူးလား..ပြီးတော့ info ကြီးကလဲဟောင်းလောင်း......
"ID တင်ပေးငါ့အကောင့်..
"မှတ်ပုံတင်ပို့ပေး..
"အေး..
"မနက်ဖြန်ကျရင်ရမယ်ငရဲမင်းကြီး..
"အေး..
"ကျွန်တော်ကိုလူ့ပြည်ပြန်ပို့ပေးပါနော်..
"ဒီမှာနေရတာအဆင်မပြေဖူးလားကွ..
"ပြေတော့ပြေပါတယ်..ချစ်သူကိုလွမ်းလို့ပါ..
"သူပါဒီခေါ်လိုက်မယ်လေ..
"ဟမ်..
မလုပ်ပါနဲ့မိသားစုလဲရှိသေးတယ်လေ..
"အေးအာ့ဆိုငါ့အကောင့်လေး id အောင်ရင်ပို့ပေးမယ်..
"ကတိ..
"ကတိပေးတယ်..
Facebook team ဆီကို Replay အခါခါပို့ပြီးထိုတစ်ညအိပ်ပျော်သွားတယ်..မနက်မိုးလင်းတော့ id ကအောင်နေပြီ ဝမ်းသာ အားရနဲ့ လိုင်းပေါ်မှာ MC Yar Ma ဆိုတဲ့အကောင့်လေးကိုကြည့်တော့နာမည်တောင်ပြောင်းနေပြီ Yar Ma Min တဲ့
"Hi Bro Yar Ma
"အေးညေး..
"id အောင်သွားပြီဘဒို..
"အေး..
"ပြန်ပို့ပေးတော့လူ့ပြည်ကို..
"အေး..အစောင့်တွေလာခေါ်လိပ်မယ်.
"ဟုတ်..
ပျော်လိုက်တာဗျာပြောမနေတော့နဲ့ခနနေတော့အစောင့်တွေလာခေါ်တယ်..အပြန်လမ်းက..ငရဲခန်းစီရင်တဲ့လမ်းကနေပြန်တာ..လမ်းမှာ မီးသွေးခဲအပူတွေကိုအောက်ကနေပါးစပ်နဲ့လိုက်ဟတ်နေတဲ့လူတွေကိုပထမတွေ့တယ်..
"ဘဒို..အာ့ဘာငရဲလဲ..
"ဟတ်ကာငရဲညေး..
"ဟမ်..
အရှေ့နည်းနည်းထပ်လျောက်တော့ သူတောင်းစားတွေကိုတွေ့တယ်..
"ဘဒို ငရဲပြည်မှာလဲသူတောင်းစားရှိတာပဲလား..
"အာ့ငရဲခံနေရတာညေး..
"ဘာငရဲလဲ ဘဒို..
"အာ့ Cele တွေလူ့ပြည်မှာ Like တောင်းစားလို့ငရဲပြည်မှာသူတောင်းစားငရဲခံရတာ..
"ဟမ်...
ရှေ့နည်းနည်းထပ်လျောက်လာတော့လက်တွေကို ပလာယာ နဲ့လိမ်နေတဲ့လူတွေကိုတွေ့လိုက်တယ်..အာ့နဲ့အစောင့်တွေကိုမေးကြည့်လိုက်တယ်..
"ဘဒိုသူတို့က..
"ငရဲခံနေရတာပဲညေး..
"ဟမ်..ဘာငရဲလဲဘဒို..
"Facebook မှာဟို post ကို share ရင်ဘာရမယ်ညာရမယ်ဆိုတဲ့လူတွေလေ..အာ့အလိမ်ငရဲ..
"ဟမ်..
အဲ့လိုနဲ့အရှေ့လျောက်လာတာလမ်းမှာ..အမြဲရယ်နေတဲ့လူတွေတွေ့တော့
"ဘဒိုဒါကကောဘာငရဲလဲ..
"Fb မှာ Ha Ha ပဲပေးလို့ Ha Ha ငရဲ..
"ဟမ်..
လမ်းမှာလမ်းမှာ..လက်ကိုဓားနဲ့လှီးတဲ့လူတွေ..ပါးစပ်ကိုချုပ်ပေးတဲ့လူတွေငရဲခံနေရတာကြည့်မကောင်းဘူး..ငရဲခန်းဆုံးတော့တခါးကြီးဖွင့်ပြီးအစောင့်နစ်ယောက်ကကန်ချလိုက်တာရင်ထည်းအေးခနဲဖြစ်သွားပြီး..မျက်လုံးဖွင့်ကြည့်တော့..အိမ်ကကုတင်ပေါ်ရောက်နေပြီ..အမေကဘေးကနေသားရယ်မသေကောင်းမပျောက်ကောင်းတဲ့..အာ့နဲ့ဖုန်းယူပြီးဖွင့်ကြည့်တော့ Yar Ma Min ဆိုတဲ့ acc က only me နဲ့ Tag တွဲပြီး Post တစ်ခု တင်ထားတယ်..
ညေးနောက်လဲမကြာမကြာလာလည်ပါတဲ့..
Credit - ကွီးကြောတင်း
