"အုန်းဆီ (coconut oil) ကို ပါးစပ်ထဲ ငုံထားရုံနဲ့ ရရှိမယ့် အံ့မခန်း အကျိုးကျေးဇူး"

အခုချိန်ကစပြီး သွားများ ဖြူဖွေးတောက်ပြောင်စေမယ့် နည်းလမ်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒီနည်းလေးက အလွန်အမင်း ရိုးရှင်း လွယ်ကူပါတယ်။ လုပ်ရမယ့်ဟာတွေကလည်း အလေ့အကျင့်သစ်တစ်ခု ထူထောင်လိုက်ရုံသာ ဖြစ်ပါတယ်။ မနက်စာမစားခင် အဲဒီအကျင့်ကို နေ့တိုင်း လုပ်ပေးဖို့သာ ဖြစ်တယ်။ အတိအကျပြောရရင် အုန်းဆီ (coconut oil) ထမင်းစားဇွန်း (၁) ဇွန်းခပ်ပြီး ပါးစပ်ထဲ ငုံထားဖို့ လိုအပ်တာပါ။ မအီမသာဖြစ်စေနိုင်ပေမယ့် အကျိုးသက်ရောက်မှုတွေကတော့ အံ့မခန်းပါပဲ။

အုန်းဆီ (coconut oil) မှာ သွားချေးကျောက် ဖယ်ရှားဖို့နဲ့ ပါးစပ်အတွင်း ဘက်တီးရီးယားအားလုံး သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ ဒီနည်းကို ပုံမှန်အသုံးပြုခြင်းဖြင့် ခံတွင်းအနံ့ဆိုး ကင်းစေပြီး သွားဖုံးမအီမသာဖြစ်ခြင်း လျော့နည်းစေပါတယ်။ အကောင်းဆုံး အကျိုးသက်ရောက်မှုဖြစ်စေဖို့ အုန်းဆီကို ပါးစပ်ထဲ ၁၅-၂၀ မိနစ်ကြာ ငုံထားပေးရပါမယ်။ အစပိုင်းမှာ မအီမသာဖြစ်ပြီး အနေရခက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တာရဖို့ သည်းညည်းခံရမှာပဲ ဖြစ်တယ်။

Ref: healthyfoodhouse
 
Top