"မိတ်ဆွေဆိုတာ..."

မိတ်ဆွေစစ်ဆိုတာ.......
(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ်။
(၂) ပြုနိုင်ခဲတဲ့ အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ်။
(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ်။
(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ်၊ တိုင်ပင်တယ်။
(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ်။
(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး။
(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကို မထီမဲ့မြင် မပြုဘူး။

မိတ်ဆွေအတုအယောင် လေးယောက်……

(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲယူတတ်သူ၊ ပြန်မပေးတတ်သူ။
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ်။ သူ့အတွက် ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ်။ သူ့ကိုယ်ကျိုးအတွက်ပဲ ပေါင်းသင်းတယ်။

(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ။
လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ်။ မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ်။ အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြှောက်တယ်။ ဖြစ်ဆဲကိစ္စ၌ ပျက်ဆီးခြင်းကို ပြတယ်။

(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲလိုက်ပြီး ပြောတတ်သူ။
မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ်။ ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ်။ မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ်။ မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကို ပြောတယ်။

(၄) ဘ၀ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ။
သေရည်အရက် သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။ အချိန်အခါမဲ့ လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။ ပွဲလမ်းသဘင် ကြည့်ရှု့တဲ့အခါမှာ အပါင်းအသင်းဖြစ်တယ်။ လောင်းကစား လုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။
 
Top