ဂျပန်နိုင်ငံမှ ဖိတ်ခေါ်ထားသည့် နင်ဂျာအဖွဲ့ Raifujin မှ နင်ဂျာပြပွဲ (Ninja Show)ကို မန္တလေးမြို့တွင် သရုပ်ပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနင်ဂျာပြပွဲကို မေ ၂၃ ရက်တွင် မန္တလေးမြို့ မြို့တော်ခန်းမ ၌ ကျင်းပမည Japan Expo Mandalay 2017 ပြပွဲကြီး၌ နံနက် ၁ဝ နာရီတွင် တစ်ကြိမ်၊ ညနေ ၂ နာရီတွင် တစ်ကြိမ် ဖျော်ဖြေသွားမည်ဖြစ်သည်။
ဂျပန်မှ ဖိတ်ခေါ်ထားသည့် နင်ဂျာအဖွဲ့ Raifujin ၏ နင်ဂျာသရုပ်ပြမှု အစီအစဉ်တွင် နင်ဂျာသုံးဦးက Stage Performance တွေအပြင် နင်ဂျာလက်နက်ပုန်းပစ်နည်း၊ အိုရိဂမိဖြင့် လက်နက်ပုန်းခေါက်နည်းတို့ကိုပါ သင်ပေးမည်ဖြစ်သည်။
ထို့ပြင် ဂျပန်နိုင်ငံမှ Professional Ninja အမျိုးသား အမျိုးသမီးများက လက်နက်အသုံးပြုပုံ၊ တိုက်ခိုက်ပုံ၊ နင်ဂျာအသုံးအဆောင် ပစ္စည်းအစစ်များ၊ နင်ဂျာအတတ်ပညာများကို စိတ်ဝင်စားဖွယ် မိတ်ဆက်ပြသသွားမည်ဖြစ်ပြီး အမှတ်တရဓာတ်ပုံများကိုလည်း ရိုက်ကူးနိုင်မည်ဖြစ်သည်။
အဆိုပါ နင်ဂျာသရုပ်ပြဖျော်ဖြေမှု အစီအစဉ်ကို Japan Culture House, Japan Foundation, MAJA နှင့် Myanmar Promotional Services (MPS) Co.,Ltd. တို့၏ စီစဉ်မှုဖြင့် အခမဲ့ သရုပ်ပြဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
Top