ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း က Jammu and Kashmir အစိုးရ က သူရဲ့ မြို့တော်တစ်ခုလုံးမှာ
ဖေ့စ်ဘုတ်လိုမျိုး ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်ခဲ့ပြီးတဲ့နောက်မှာ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးတဲ့ လူငယ်ကျောင်းသားကလေးတစ်ယောက် ဟာ ကမ္ဘာကျော် ကွန်ပျူတာပညာရှင် မက်ဇူကာဘတ် တီထွင်ခဲ့တဲ့ Facebook လိုမျိုး ကမ္ဘာပေါ်က လူသားအချင်းချင်း ဆက်သွယ်နိုင်စေမယ့် Kashbook လူမှုကွန်ယက်ကို တီထွင်အောင်မြင်ခဲ့တယတ်လို့ သိရပါတယ်။
Jammu and Kashmir အစိုးရဟာ အိန္ဒိယနိုင်ငံအစိုးရ ရဲ့ လက်အောက်ခံဒေသတစ်ခု ဖြစ်ပြီး တိုင်း ၃ ခု နဲ့ ဒစ်စတြိတ်ခရိုင် ၂၂ ခု ပါရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခုပဲ ဖြစ်ပါတယ်။ ဒေသခံအစိုးရ က လူငယ်တွေ ပျက်စီးမှာစိုးရိမ်တဲ့ အကြောင်းပြချက်နဲ့ ဖေ့စ်ဘုတ် လူမှုကွန်ယက်ကို အဓိကထားပြီး ပိတ်ပင်ခဲ့ပြီးနောက်ပိုင်းမှာ Zeyan Shafiq အမည်ရှိတဲ့ အသက် ၁၆ နှစ် အရွယ်ကျောင်းသားလေး က KashBook ကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယတိုင်းမ် ရဲ့ သတင်းပေးပို့ချက်အရ Zeyan ဟာ သူထက် ၃ နှစ် နီးပါး အသက်ကြီးမြင့်တဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ အကူအညီကို ရယူပြီး ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က စတင် လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ KashBook မှာ ဒေသခံ ပြည်နယ် ရဲ့ Kashmiri ဘာသာစကား ကို ပါ ရရှိနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ Zeyan ဟာ အသက် ၁၁ နှစ်သားကတည်းက HTML ကို လေ့လာခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ C++ နဲ့ Java ကိုပါ စိုက်လိုက်မတ်တပ်
လေ့လာခဲ့တဲ့အတွက် အခု လို Kashbook ကို ရေးသားနိုင်ခဲ့တာ ဖြစ်တယ် လိှု့ ဆိုပါတယ်။
ဘာသာရေး နဲ့ အမျီုးသားရေးစိတ်ဓါတ် ပြင်းထန်တဲ့ နိုင်ငံတွေမှာ Facebook, Twitter လိုမျီုး လူမှုကွန်ယက်တွေကို အကန့်အသတ်များစွာ နဲ့ ပိတ်ပင်ထားဆဲဖြစ်ပြီး တရုတ်နိုင်ငံမှာ Weibo, ရုရှနိုင်ငံမှာလည်း Kashbook လိုမျီုး VK Social Media  ..တို့လို ပြည်တွင်းဖြစ် လူမှုကွန်ယက်တွေကို အားကိုး သုံးစွဲနေခဲ့ရပြီး ပိတ်ပင်ထားတဲ့ လူမှုကွန်ယက်တွေအတွက် Zeyan တို့လို  တချီု့ လူငယ်တွေကတော့ VPN နက်ဝပ်တွေ နဲ့ သီးသန့်သုံးစွဲခဲ့ကြရတယ် လို့ ဆိုပါတယ်။
Kashbook ဟာ Facebook ပေါ်မှာ မှီခိုတည်ဆောက်ထားတာ ဖြစ်ပြီး အရောင်သုံးစွဲမှုက အစ ထပ်တူညီမှု ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြောင်းလဲမှုတွေ ရှိလာနိုင်တယ် လို့ Zeyan က အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ Jammu and Kashmir ပြည်နယ်မှာ Facebook ဘန်းခံရတဲ့အတွက် တီထွင်သူ လူငယ်လေး ရဲ့ Kashbook ဟာ စတင် လွှင့်ထုတ်ခဲ့ပြီး ၁ ပတ်အကြာမှာ ပဲ ဒေါင်းလုပ်ရယူ သုံးစွဲခဲ့သူပေါင်း သောင်းနဲ့ချီ ရှိခဲ့တယ် လို့ ဆိုပါတယ်။
Google Play ကနေ စမ်းသပ်ကြည့်ပြီး ဒေါင်းလုပ်ရယူချင်တဲ့သူတွေအတွက် လင့်က
အောက်ပါအတိုင်း ဖြစ်ပါတယ်။

Kashbook
 
Top