နာမည်ကျော် ဘာမြူဒါ တြိဂံ နေရာတစ်ဝိုက်မှာ အခုတလော လေယာဉ်များ ဆက်ခါဆက်ခါ ပျက်ကျနေခဲ့ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ကာရေဘီယန် ပင်လယ်တွင်းရှိ ဘာဟားမာစ် (Bahamas) နိုင်ငံ မှ ထွက်ခွာလာခဲ့တဲ့ ခရီးသည် ၄ ယောက်ပါဝင်သော MU-2B လေယာဉ်တစ်စီးပျက်ကျသွားခဲ့ပြီးထိုလေယာဉ်မှာဆိုရင်မိခင်ဖြစ်သူ ဂျနီဖာ ဘလူမင် (Jennifer Blumin) နဲ့ သားနှစ်ယောက်အပြင် လေယာဉ်မှူးဖြစ်သူ နေသန် အူးရစ် (Nathan Ulrich) လည်း သေဆုံးသွားခဲ့ရပါတယ်။
ဒီလေယာဉ်ဟာ ဘာမြူဒါ တြိဂံလို့ ခေါ်ဆိုနေတဲ့ ဘူမြူဒါ၊ ပူအာတို ရီကို (Puerto Rico)နဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါ (Florida)တို့ကြား တြိဂံ ဧရိယာထဲမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပြီး ဒီလေယာဉ်ဟာ ဘာမြူဒါ တြိဂံ ဒေသထဲမှာ ပျက်ကျ၊ပျောက်ဆုံးသွားခဲ့တဲ့ ပထမဆုံးလေယာဉ်တော့ မဟုတ်ပါဘူး။ကမ္ဘာ့ရဲ့ တခြား နေရာများထက် ဘာမြူဒါ တြိဂံဒေသ အတွင်းမှာ ဘာကြောင့် လေယာဉ်သဘောင်္တွေ ပိုပြီး ပျက်ကျ ကြရတာလဲဆိုတဲ့ အဖြေ ကို သိပ္ပံပညာရှင်များက ကာလရှည်ကြာရှာဖွေခဲ့ကြပေမဲ့ ယခုအချိန်ထိ အတိအကျ မသိရသေးပါဘူး။
ဘာမြူဒါ တြိဂံဒေသမှာ လေယာဉ် သဘောင်္တွေ ပျောက်ဆုံးပျက်ဆီးရခြင်းအကြောင်းရင်းဟာ ဂြိုဟ်သားများ ပြန်ပေးဆွဲသွားလို့ဆိုတဲ့ ကျိုးကြောင်းမညီတဲ့ ကောက်ချက်များကနေ ပညာရှင်အဆင့် ကောက်ချက်များအထိရှိနေပေမဲ့လည်း ဘယ်တစ်ခုမှ သက်သေပြနိုင်ခြင်းမရှိသေးပါဘူး။အခုတော့ Shwemom ပရိတ်သတ်ကြီးအတွက် ဘာမြူဒါ တြိဂံဒေသအတွင်းမှာ ပျက်ကျခဲ့တဲ့ လေယာဉ်၊သဘောင်္များ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လေယာဉ် အမှတ် ၁၉၊ ၁၉၄၅
၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖလောရီဒါ လော်ဒါဒေး ခံတပ်မှ ထွက်ခွာလာတဲ့ လူ ၁၄ ယောက် ပါဝင်သော ဗုံးကြဲလေယာဉ် ၅ စင်းလုံး အစရှာမရဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။
၂။ USS Cyclops၊ ၁၉၁၈
USS Cyclops ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် ရေတပ်ကို လောင်စာများထောက်ပံ့ပေးဖို့တည်ဆောက်ထားတဲ့ ထောက်ပို့ သဘောင်္ကြီး တစ်စီးဖြစ်ပြီး ၁၉၁၈ တွင် ဘာဘေးဒိုးစ်မှာ ထွက်ခွာသွားခဲ့ပေမဲ့ အစရှာမရတော့ပဲ သဘောင်္ပေါ်မှာပါဝင်တဲ့ လူ ၃၀၉ ယောက်နဲ့ အတူ ပျောက်ဆုံးသွားခဲ့ပါတယ်။
၃။ လေယာဉ်အမှတ် ၄၄၁၊၁၉၅၄ ခုနှစ်
၁၉၅၄ ခုနှစ်မှာ ရေတပ် ၀န်ထမ်းနဲ့ မိသားစု ၄၂ ယောက်ပါဝင်ခဲ့တဲ့ လေယာဉ်အမှတ် ၄၄၂ ဟာ ကမ်းခြေမှ မိုင် ၄၀၀ အကွာတွင် အဆက်အသွယ် ပျက်ခဲ့ပြီး ဘာမြူဒါ တြိဂံဒေသထဲတွင် ပျက်ဆီးခဲ့ပါတယ်။
၎။ Trislander လေယာဉ် ၊၂၀၀၈
၅။ လေယာဉ်အမှတ် DC – 3၊ ၁၉၄၈ ခုနှစ်
ပူအာတို ရီကို (Puerto Rico) မှ ထွက်ခွာခဲ့ပြီး မိုင်ယာမီ သို့ ခရီးသည် ၂၆ ယောက်နဲ့ ပျံသန်းလာခဲ့တဲ့ ဒါကိုတာ အမျိုးအစားလေယာဉ် လေးဟာ လေဆိပ်မှာ မိုင် ၅၀ အကွာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီးပျောက်ဆုံးခဲ့ပါတယ်။
၆။ SS Marine Sulphur Queen ၊ ၁၉၆၃ ခုနှစ်
၅၂၄ ပေရှိတဲ့ သဘောင်္ဟာ တက်ဆက်စ်မှာ ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ထွက်ခွာလာခဲ့တာ ဖြစ်ပြီး ခရီးသည် ၃၉ ယောက်နဲ့ အတူပျောက်ဆုံးခဲ့ပါတယ်။
၇။ Mary Celeste၊၁၈၇၂ ခုနှစ်
နယူယောက်ကနေ အီတလီကို ထွက်ခွာသွားတဲ့ ဒီသဘောင်္ကြီးကို ဘာမြူဒါတြိဂံအတွင်းမှာ ခရီးသည်များနဲ့ သဘောင်္သားများပဲ ပျောက်ဆုံးနေပြီး သဘောင်္ကို ခြေရာလက်ရာ မပျက်မျောနေတာ တွေ့ရှိခဲ့ရပါတယ်။