ကမ္ဘာပေါ်မှာ ပျော်ရွှင်မှုအရှိဆုံးနိုင်ငံတွေ ရှိနေတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား။ တကယ်ကို ရှိနေတာပါ။ ဘာ့ကြောင့် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံဖြစ်ရသလဲဆိုတာနဲ့ ဘယ်နိုင်ငံတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါရစေ။
ပထမဦးဆုံးနိုင်ငံကတော့ Costa Rica ဖြစ်ပါတယ်။ နိုင်ငံရဲ့ ၉၉ရာခိုင်နှုန်းသော လျှပ်စစ်စွမ်းအင်ဟာ ပြန်လည်ထုတ်ယူနိုင်တဲ့ အရင်းအမြစ်တွေကနေရရှိပြီး အစိုးရမှလည်း ကျန်းမာရေးနဲ့ပညာရေးအတွက် ဘဏ္ဍာရေး စီမံကိန်းတွေ ထောက်ပံ့ထားရှိပေးပါတယ်။
ဒုတိယနိုင်ငံကတော့ Mexico ဖြစ်ပါတယ်။ နေ့သာတဲ့နေ့တွေနဲ့ ရာသီဥတုအကောင်းစားကိုပိုင်ဆိုင်ထားလို့ပါပဲ။ Colombia ကတော့ တတိယ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်ပြီး ကောင်းမွန်တဲ့ ဂေဟစနစ်ကိုပိုင်ဆိုင်ထားပါတယ်။ Chad နိုင်ငံကတော့ စာရင်းရဲ့ အောက်ဆုံးမှာ တည်ရှိနေပါတယ်။ ဆီကို အဓိကထုတ်လုပ်ပြီး ထင်ရှားတဲ့ နှုန်းထားမှာ ရှိနေပေမဲ့ နိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် ဒီနိုင်ငံဟာ စာရင်းရဲ့ အောက်ဆုံးမှာ ရောက်ရှိနေရခြင်းဖြစ်ပါတယ်။ 
အစိုးရတော်တော်များများဟာ စီးပွားရေးကြီးထွားလာဖို့နဲ့ နိုင်ငံရေးအင်အားကျယ်ပြန့်လာဖို့ကိုသာ ပထမ ဦးစားပေး ဂရုစိုက်လေ့ရှိကြပါတယ်။ ဂေဟစနစ်နဲ့ နိုင်ငံသားတွေကိုတော့ ဒုတိယဦးစားပေး အဖြစ်ထားရှိကြ ပါတယ်။ ဂေဟစနစ်ဟာ ဘယ်လို လူ့အဖွဲ့အစည်းမှာမဆို အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ် ဆိုတာတော့ မမေ့လျော့သင့်တဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ 
အပျော်ရွှင်ဆုံး ၁၀နိုင်ငံစာရင်းကို ပြန်လည်မျှဝေလိုက်ပါတယ်။ 
၁။ Costa Rica
၂။ Mexico
၃။ Colombia 
၎။ Vanuatu
၅။ Vietnam
၆။ Panama
၇။ Nicaragua
၈။ Bangladesh
၉။ Thailand
၁၀။ Ecuador
Ref; Independent , World Happiness , Earth Porn
 
Top