ကလေးဘ၀တုန်းကတော့ သစ်ပင်အိမ်တွေဆီကရတဲ့ စွန့်စားမှုတွေ လွတ်လပ်မှုတွေကို ကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။ အသက်အရွယ်တွေကြီးရင့်လာတာနဲ့အမျှ သာမန်အဆောက်အဦးပုံစံတွေထဲမှာပဲ နေထိုင်ရင်း ပျော်ရွှင်မှုတွေအတွက် နေရာလွတ်မရှိဖြစ်လာကြပါတော့တယ်။
Aibek Almassov ဟာ သစ်ပင်အိမ်ကို သူကလေးဘ၀တုန်းက စိတ်ကူးထားတဲ့အတိုင်း ဒီဇိုင်းဆွဲ အကောင်အထည်ဖော်ခဲ့တာပါ။ သူ့စိတ်ကူးဟာ တကယ်ဖြစ်လာခဲ့ပါပြီ။ သူ့စိတ်ကူးထဲကအတိုင်း အိမ်ဟာ စလင်ဒါပုံရှိပြီး မှန်ကိုအသုံးပြုထားတာဖြစ်တဲ့အတွက် ဘေးပတ်ပတ်လည်ကို ၃၆၀ဒီဂရီတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ရှားပါးတဲ့ စိတ်ကူးတစ်ခုပါပဲ။ အကြည်ဖောက်ထားတဲ့ အဆောက်အဦးဖြစ်ပြီး အလွှာေ လေးထပ်ပါရှိမှာလည်းဖြစ်ပါတယ်။ သစ်ပင်နဲ့အတူတူရှိနေတဲ့အတွက် အသက်ရှုလို့လည်း ကောင်းမွန်မှာ ဖြစ်ပါတယ်။
အိမ်ရဲ့ လှေကားထစ်တွေကို တက်ရတာ ဥာဏ်အလင်းပွင့်သွားသလိုပါပဲ။ ပတ်ဝန်းကျင်နဲ့လည်း အချိတ်မိစေပါတယ်တဲ့။ Kazakhstan ရဲ့ တောင်ကုန်းတွေပေါ်မှာထိုင်နေရတာနဲ့တူပါတယ်။ ဆောက်ရတာ မခက်ပါဘူး။ ဘယ်လိုနေရာမျိုးမှာဆောက်မလဲဆိုတာပဲ နည်းနည်းပြဿနာရှိတာပါလို့ Almassov က ပြောပါတယ်။
Ref:lifeadvancer
 
Top