၆နှစ်​အရွယ်​သာရှိ​သေးတဲ့ ​ကိုရီးယား​ကောင်​မ​လေး Lee Eun Chae ​ရဲ့ ချစ်​စရာ​ကောင်းတဲ့ပုံများဟာ မကြား​သေးမီရက်​များကပဲ Social Media တစ်​ခွင်​ကို ကြီးစိုးခဲ့ပါတယ်​။Eun Chae ​လေးရဲ့ ရင့်​ကျက်​တဲ့မိန်းမပျိုတစ်​ဦးလိုအကြည့်​​တွေ၊ သူမရဲ့မိဘ​တွေ ဆင်​ယင်​​ပေးတဲ့ အဝတ်​အစား​တွေ​က ကြည့်​ရှုသူ​တွေရဲ့အာရုံကို ဖမ်းစားနိုင်​ခဲ့တာ​ပါ။
သူမရဲ့ နှာတံ​ဖူးဖူး​လေး၊ ရွှန်းစို​နေတဲ့ဆံနွယ်​​တွေ နဲ့ ပါးမို့ဝိုင်းဝိုင်း​လေး​တွေကသူ့အရွယ်​က​လေးမ​လေး​တွေအတွက်​ မနာလိုစရာ​ကောင်း​လောက်​စရာပါပဲ။
ခေါင်းအစ၊ ခြေအဆုံး၊ အမူအရာပါ Celebrity တစ်​​ယောက်​လိုသူမမိဘ​တွေဟာ သူမအတွက်​အလွန်​ဂုဏ်​ယူ​နေကြပြီး Eun Chae ​လေးကိုကြည့်​ရှုနိုင်​ဖို့ ပရိတ်​သတ်​​တွေအတွက်​ Instgram မှာလည်း အ​ကောင့်​ဖွင့်​​ပေးခဲ့ပါတယ်​။ခုသူမ Instagram အ​ကောင့်​မှာ​တော့ Follower ​ပေါင်း ၁၂၀,၀၀၀ ​ကျော်​ရှိပါသတဲ့။
ဒါက​တော့ Eun Chae ​လေးရဲ့ Instagram အ​ကောင့်​ Link ပါ။
https://www.instagram.com/eun_chae.papa/
Instagram ​ပေါ်ကသူမရဲ့ Fashionable ဖြစ်​တဲ့ပုံများကိုလည်းကြည့်​ရှုနိုင်​​စေဖို့​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

Source: Koreaboo
 
Top