တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ချုံကင်းမြို့(Chongqing)တွင် အမဲလိုက်ခွေးလိမ္မာလေးတစ်ကောင်ဟာ လယ်ကွယ်တစ်ကွက်ထဲမှာ အရှင်လတ်လတ်မြေမြှပ်ခြင်းခံထားရတဲ့ ကလေးငယ်လေးရဲ့ အနံ့ကိုရပြီး ကယ်ဆယ်ပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။

ခွေးပိုင်ရှင်ဖြစ်သူ ရန်ဂျုင်လီ (Yang Jiali)ဟာ မေ လ ၆ရက်နေ့မှာ ခွေးကိုလိုက်ရှာခဲ့တဲ့ အခါမှာ သူရဲ့ ခွေးလေးက မြေကြီးကို တူးနေခဲ့တာကိုတွေ့ရှိခဲ့ပြီး မြေကြီးထဲကနေ အနှီးနဲ့ ပါတ်ထားခဲ့တဲ့ မွေးကင်းစ ကလေး အော်သံကိုကြားခဲ့ရတဲ့အခါမှာ အံ့ဩခဲ့ရတယ် လို့ဆိုပါတယ်။
ကလေးမြို့ကို ၀ူတန်မြို့ (Wutan)ရှိ ဆေးရုံသို့ပို့ခဲ့ရပြီး ဒေါက်တာ ဖြစ်သူကတော့ ကလေးငယ်လေးဟာ တစ်လသား သာရှိသေးတဲ့အပြင် နှလုံးခုန်နှုန်းလည်း အားနည်းနေပြီး ခန္ဓာကိုယ်အပူချိန်လည်း ကျဆင်းနေတယ် လို့ဆိုခဲ့ပါတယ်။ဒါ့အပြင် ဆေးခန်းကိုရောက်သွားခဲ့တဲ့အခါမှာ ကလေးငယ်ရဲ့ ပါးစပ်ထဲမှာ ရွံ့ အပြည့်ဝင်နေခဲ့တယ် လို့သိရပါတယ်။

ဒါပေမဲ့ ကံကောင်းစွာပဲ ကလေးငယ်လေးဟာ ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီး အပြည့်အ၀ ကျန်းမာဖို့အတွက်တော့ အချိန်တစ်ခုပေးရမှာ ဖြစ်တယ် လို့သိရပါတယ်။
ရဲတပ်ဖွဲ့ကတော့ ကလေးဖြစ်သူရဲ့ မိသားစုဟာ ကလေးဖြစ်သူကို သေသွားပြီထင်ပြီး သူတို့ကို အမှုပါတ်မှာဆိုးလို့ တိတ်တိတ်လေးလာရောက်စွန့်ပစ်ခဲ့တာဖြစ်တယ် လို့သိရပါတယ်။

Ref : The Sun
 
Top