0

ကျောက်တုံးတွေ ရေထဲချလိုက်ရင် မြုပ်သွားတာပဲ ကျွန်တော်တို့ကြုံဖူးကြပါတယ်။ ဒီကမ္ဘာပေါ်မှာ ရေထဲမမြုပ်တဲ့ ကျောက်တစ်မျိုးရှိပါတယ်။ မီးသင်းကျောက်တစ်မျိုးဖြစ်တဲ့ သူ့ကိုတော့ Pumice လို့ခေါ်ပါတယ်။ ဘာလို့ ရေပေါ်ပေါ်ရလဲဆိုတော့ ရေထက်ပေါ့လို့ပေါ့။ ဒီကျောက်တုံး က ရေထက်ပေါ့နေရတဲ့ အကြောင်းအရင်းလည်း ရှိပါတယ်။ သူ့မှာအခါင်းပေါက်များစွာ ပါဝင်ပြီး လေခိုနေလို့ပါ။
မီးတောင်တွေကနေ အပူပြင်းပြင်း ဖိအားပြင်းပြင်းနှင့် ထုတ်လွှတ်တာတွေဟာ အပြင်ရောက်တော့ မြန်မြန်ဆန်ဆန် အအေးခံပြီး ဖိအားလျော့ကျ လာပါတယ်။ လျင်မြန်စွာဖိအား လျော့ကျခြင်းကြောင့် CO2 နှင့် ရေတွေရဲ့ပျော်ဝင်နိုင်မှုကျဆင်းကာ လေပူဖောင်းများစွာဖြစ်ပေါ်စေပြီး အပေါက်များစွာပါဝင်တဲ့ ကျောက်တွေဖြစ်စေပါတယ်။
Pumice ကျောက်တွေဟာ ပုံမှန်အားဖြင့် အရောင့်ဖျောဖျော့ရှိတတ်ပြီး တွင်းထွက်ကျောက်မဟုတ်ပါဘူး။ ဖန်အမျိုးအစားဖြစ်ပေမယ့် ပုံဆောင်ခဲ Crystal တွေပါချင်မှပါမှာဖြစ်ပါတယ်။ပေါ့ပါးတာကြောင့် အိမ်အလှဆင် ကျောက်အဖြစ်အသုံးပြုကြပြီး အမှုန်ကြိတ်ကာ ကော်ပတ်တွေ မှာအသုံးပြုကြပါ တယ်။ တကယ်လို့ ဒီကျောက်တွေကို တွေ့ရမယ်ဆိုရင် ရေထဲထည့်ကြည့်လို့ရပါတယ်။
ကိုးကား – Fi, Wikipedia

Post a Comment

 
Top