0

 အပင်ပု ဖြစ်အောင် (ဘွန်ဇိုင်းမဟုတ်ပါ) မလိုအပ်တဲ့ အမြစ်များကို ဖြတ်ထုတ်တဲ့နည်း ဖြစ်ပါတယ်။
အပင်တစ်ပင်ဟာ ရေသောက်မြစ်မရှိရင် အခြားသော အမြစ်ငယ်များဖြင့် ဆက်လက်ရှင်သန်နိုင်ပါတယ်။
ဒါပေမဲ့ ရေသောက်မြစ်(Root Ball)ရှိတဲ့အပင်ဟာ ပင်စည်အားဖြင့် မြင့်မားကြီးထွားနိုင်ပြီး အသီးအပွင့်များ ပွင့်နိုင်သလို....
ရေသောက်မြစ်ဖြတ်ထားသော အပင်ဟာ ရှေ့ဆက် လိုအပ်သလောက် မကြီးထွားနိုင်တော့ပဲ အပင်ပုပု နိမ့်နိမ့်နဲ့ အသီးအပွင့်များ ပွင့်လန်းနိုင်ပါတယ်။

Bonsai ဘွန်စိုင်းပင်များလည်း ရေသောက်မြစ်(Root Ball)မရှိပါ..
အကိုင်းကူးယူစိုက်ပျိုးသည့် အပင်ဟာလည်း အသီးသီးတဲ့အပင်ဆိုရင် အပင်ပုပု နိမ့်နိမ့်နဲ့ အသီးသီးပြီး ..အပွင့်ပွင့်တဲ့ အပင်ဆိုရင်လည်း အပင်ပုပု နိမ့်နိမ့်နဲ့ အပွင့်များ ပွင့်ပါတယ်။

မိမိတို့ မှတ်ယူထားရမှာက ရေသောက်မြစ်ကိုမဖြတ်ပဲ စိုက်ပျိုးသည့်အပင်ဟာ အပင်အရွယ်အစား မြင့်မား ကြီးထွားသန်မာပြီး အသီးအပွင့် ပွင့်ပါတယ်။

ရေသောက်မြစ်ကို ဖြတ်ပြီး စိုက်ပျိုးသည့်အပင်ဟာ အပင်ပုပုနိမ့်နိမ့် သေးသေးနဲ့ အသီးအပွင့်များ ပွင့်ပါတယ်။
ဒီနှစ်ခုပဲ အခြားသောအရာတွေ စဉ်းစားမနေနဲ့..မိမိတို့လိုချင်တာ အပင်ပုပုနဲ့အသီးသီးဖို့မဟုတ်လား...အဲဒါဆို ရေသောက်မြစ်ကို ဖြတ်စိုက်ပါ။









Post a Comment

 
Top