0

မတ်လ (၁) ရက်နေ့ကနေစပြီး အောင်ဘာလေသိန်းဆုမဲကြီးက ကျပ်သိန်း၁သောင်းတောင် ဖြစ်သွားပြီဆိုတော့ ကောင်းပြီလေ။ အောင်ဘာလေဆုကြေးကြီးက မြင့်ပေမယ့်လည်း ပေါက်အောင်ထိုးနိုင်ဖို့ကလည်း မလွယ်ဘူးလေ။ အဲဒီတော့ ထီပေါက်ဖို့ ဘယ်လိုထိုးမလဲဆိုတာကို အချင်းချင်းမို့ လက်တို့ပြောလိုက်မယ်။

၁။ ကံကောင်းနံပါတ်ကို ရွေးချယ်ပါ။

သတိမထားမိလို့သာနေမယ်ဗျာ၊ လူတိုင်းမှာ ကံကောင်းနံပါတ်တွေ ကိုယ်စီရှိကြတယ်ဗျ။ ဥပမာ – ကျွန်တော်ဆို ၂၁ဆိုရင် ကံကောင်းနံပါတ်ပဲ။ အရင်ရည်းစားတွေကဆို ၂၁ရက်နေ့မှာ အဖြေပေးကြတာ အဟင်းဟင်း ဂလု ဂလု။ ထီထိုးတော့မယ်ဆိုရင် ကိုယ့်အတွက်ကံကောင်းနံပါတ်ကိုထည့်ပြီး ထိုးဖြစ်အောင်ထိုးပါလေ။

၂။ ဖြစ်တန်စွမ်းများတဲ့နံပါတ်ကိုသာ ရွေးချယ်ပါ။

ယခင်အကြိမ်ဟောင်းတွေကနေ ထီဆုကြီးတွေမှာ ပါတတ်တဲ့နံပါတ်တွေက ဖြစ်တန်စွမ်းပိုများပါတယ်။ အဲဒီဖြစ်တန်စွမ်းပိုများတဲ့နံပါတ်တွေကို ရွေးထိုးပါ။ ဥပမာ – အရင် ၃၃၇ကြိမ်၊ ၃၃၆ကြိမ်နဲ့ ၃၃၅ကြိမ်တွေရဲ့ အထူးဆုနံပါတ်တွေမှာ ၃၅ပါတယ်ဆိုရင် ဒီအပတ်မှာလည်း ၃၅ကိုထည့်ထိုးပါ။ နိုင်ငံတကာထီလောကမှာ ကံကောင်းနံပါတ်တွေကတော့ ၂၃၊ ၄ဝ၊ ၄၄၊ ၃၈၊ ၃ဝ၊ ၃၃ ဖြစ်ပါတယ်။

၃။ အဖွဲ့နဲ့ ကံစမ်းတတ်ပါစေ။

တစ်ယောက်တည်းကံစမ်းလိုက်တော့ ၁ဝစောင်ထက်ပိုပြီးထိုးရင် ပိုက်ဆံတွေကုန်တာ တအားသိသာတယ်။ အဖွဲ့နဲ့ပေါင်းပြီး အစောင်ရေများများ ထိုးတတ်ပါစေ။ “လှံထမ်းလာတာ မြင်ရ၊ ကံထမ်းလာတာ မမြင်ရ” ဆိုတဲ့ မြန်မာစကားပုံလို ကိုယ်ကံမကောင်းဘူးဆိုရင်တောင် ကိုယ့်အဖွဲ့ထဲမှာ ဖိုးကံကောင်းတစ်ယောက်ပါလာပြီဆိုရင် တစ်ဖွဲ့လုံးကံကောင်းနေပြီလေ။ အဲဒီတော့ ထီထိုးမယ်ဆိုရင် အဖွဲ့နဲ့ အစောင်ရေများများထိုး။

၎။ ကာလံ ဒေသံ ကြည့်တတ်ပါစေ။

မြန်မာနိုင်ငံမှာ ဘယ်ထီကိုယ်စားလှယ်ဆိုင်ကြီးက အခုတလော ဆုကြီးပေါက်နေတာလဲ။ ကိုယ်တစ်ယောက်တည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘဲနဲ့ ကိုယ်ထိုးလိုက်တဲ့ ထီကိုယ်စားလှယ်အပေါ်မှာလည်း မူတည်တတ်ပါတယ်။ စစ်တမ်းတွေအရ ဘယ်အချိန်မှာ ထီထိုးရင် ကံထူးရှင်ဖြစ်တတ်သလဲ။ နိုင်ငံတကာစစ်တမ်းတွေအရတော့ သောကြာနေ့ညနေမှာ ထီထိုးရင် ထီပေါက်ဖို့ အခွင့်အလမ်းပိုများပါတယ်။ အချိန်ကာလကိုလည်း ရွေးချယ်တတ်ပါစေ။

၅။ ဘတ်ဂျက်ခွဲထားပါ။

သိန်း ၁၅ဝဝတုန်းက ထီတစ်စောင်ကို ၂ဝဝနဲ့ အခုတော့ ဆုကြေးလည်း တက်လာပြီဆိုတော့ တစ်စောင်ကို ၅ဝဝ ဖြစ်လာပြီ။ ထီထိုးလိုက်လို့ ကိုယ့်အတွက် အသုံးအစွဲပြတ်တောက်သွားတာမျိုး မဖြစ်ရလေအောင် အသုံးစရိတ်ထဲကနေ နည်းနည်းချင်းဖဲ့ထားသင့်ပါတယ်။ ထီဆိုတာကလည်း တရားဝင်အလောင်းအစားဖြစ်တဲ့အတွက် “တန်ဆေး၊ လွန်းဘေး” ပါ။ အဲဒီတော့ အစစအရာရာ ချင့်ချိန်တတ်ပါစေ။

၆။ ထီလက်မှတ် မပျောက်စေနဲ့။

ထီထိုးတဲ့အချိန်မှာ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်အပြည့်အစုံ ပေးထားလိုက်ပါ။ ကံထူးရှင်ဖြစ်နေရင် အလွယ်တကူဆက်သွယ်နိုင်စေဖို့ အိမ်ဖုန်း၊ ရုံးဖုန်းတွေကအစ အပြည့်အစုံပေးထားတာက ပိုကောင်းပါတယ်။ လိပ်စာဆိုရင်လည်း အိမ်နံပါတ်၊ လမ်းနံပါတ်၊ ရပ်ကွက်ကအစ တိကျသေချာအောင် ထည့်ထားစေချင်ပါတယ်။ ကံထူးရှင်ဖြစ်ပေမယ့် ထီလက်မှတ်မပြနိုင်ရင်လည်း သဲထဲရေသွန်-အဟောသိကံ ဖြစ်မှာပဲလေ။ အဲဒီတော့ ထီလက်မှတ်လည်း သေချာသိမ်း။ ထီဖွင့်ရင်လည်း အောင်ဘာလေထီပေါက်စဉ်ကို သေချာစစ်ဆေးသင့်ပါတယ်။ ဒီနေ့နည်းပညာခေတ်ကြီးမှာတော့ ထီပေါက်စဉ်ကို အောင်ဘာလေအွန်လိုင်းထီပေါက်စဉ်ဝက်ဘ်ဆိုက်မှာ စစ်ဆေးလို့ရနေပါပြီ။ အားလုံးကံကောင်းကြပါစေ။


Credit: Akhayar

Post a Comment

 
Top