ယာဉ်တိုက်မှု အတော်များများဟာ မတော်တဆဖြစ်ကြရတာပါ ။ အခန့်မသင့်လို့ ယာဉ်မတော်တဆတိုက် မှုဖြစ်ကြ တဲ့နေ ရာမှာ ယာဉ်မောင်းရော တိုက်ခံရသူရော ဘယ်သူ့ကိုမှ အပစ်ပုံချလို့မရပါဘူး။ မတော်လို့ဖြစ်သွားပီးပီဗျာ ဘယ်လိုနည်း လမ်းမှန်မှန်ဖြေရှင်းကြမလဲ ဒီအပိုင်းလေးကို အဓိကထားပြောပြချင်တယ် ။

ယာဉ်တိုက်ပီဆိုတာနဲ့ တချို့ကထွက်ပြေးကြပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ ရုတ်တရက်အကြီးအ ကျယ်ထိ န့်လန့်သွားလို့ ထူပူသွားလို့ ဆွမ်းကြီးဝိုင်းလောင်းမှာကြောက်လို့ စသည်ဖြင့်ပေါ့ ကျွန်တော်ပြောချင်တာကတော့ ယာဉ်တို က်မှုဖြစ်ခဲ့ရင် ထွက်မပြေးဖို့ပါပဲ ။

တိုက်ခံရတဲ့သူ ကျိုးပဲ့ပေါက်ပြဲ နောက်ဆုံး သေးဆုံးသွားသည့်တိုင်အောင် ထွက်မပြေးစေချင်ပါဘူး ကောင်းပြီး ထွက် မပြေးခဲ့ရင် ဘယ်လိုအကျိုးသက်ရောက်မှုရမှာလဲငါ့ညီလို့ ဆိုခဲ့ရင် ဒါကိုလဲရှင်းပြချင်လှပါတယ် ။

တိုက်မိပီ လူတစ်ယောက်ကို ဆိုကြပါစို့ .. ဒါဆို မိမိယာဉ်ပေါ်ကဆင်း တိုက်မိတဲ့လူနာကို အစစအရာရာအတွက် တာဝန် အပြည့်နဲ့ကူညီလိုက်ပါ။

ဆေးရုံရောက်သည်အထိ လူနာရဲ့ဆွေးမျိုးသားချင်းများနဲ့ တွေ့ဆုံပီး လိုအပ်တာတွေအတွက် တာဝန်ယူစကား နွေးထွေး တဲ့စကားတွေနဲ့ နှီးနှောဖလှယ်သည်အထိ ဆောင်ရွက်လိုက်ပါ ။

ကဲ လူနာသေဆုံးသွားပါ ပီတဲ့ရတယ် ဆက်ကူညီပေး နောက်ဆုံး ဥပဒေအရ အမှုဖွင့်အရေးယူကြပီဆိုရင် လာပီ မိမိရဲ့ရိုး သားစွာကူညီလုပ်ဆောင်မှုတွေက အကျိုးသက်ရောက်ပီလေ ။

သေဆုံးသူရဲ့ဆွေးမျိုးတွေက မိမိအပေါ် မလိုမုန်းထားနည်းသွားပီ ။ ဒေါသတွေ အမြတ်တွေအစား မတော်လို့ဖြစ်ရတာပဲ သူလဲ အစစအရာရာလာဝိုင်းလုပ်ပေးနေတာပဲ စသည်ဖြင့် အကောင်းဘက်ကနေ မေတ္တာနဲ့ပြန်တွေးလာပီလေ။

ဒီတော့ ထောင်ကျအောင် အလျှော်တွေအရမ်းတောင်ရအောင် သူတို့ မတွေးတော့ပါဘူး ။ ပြေလည်ရာပြေလည်ကြောင်းပဲ စဉ်းစားတော့မှာလေ ။

READ  စွန့်ပစ်ခံထားရသည့် ရုရှားကလေးငယ် တစ်ဦးကို ကြောင်မကြီး တစ်ကောင်က ကူညီစောင့်ရှောက်
ကြေအေးကြောင်းစာချုပ်မှာလဲ လက်မှတ်ထိုးပေးဖို့ သူတို့ဝန်မလေးတော့ဘူး သင့်တင့်တဲ့ငွေကြေးကူညီမှုလောက်နဲ့ပဲ ကျေနပ်သွားမယ်လေ ဒီတော့ ယာဉ်တိုက်လို့လူသေဆုံးတယ်။

တရားစွဲတင်ပို့တယ် မိမိရဲ့တာဝန်ယူသိတတ်မှုကြောင့် တဖက်ကကြေအေးပေးတယ် ။ ကဲ ဘယ်လောက်ပြသနာကြီး ပီးဆုံးသွားသလဲ ။

မဟုတ်လို့ ထွက်ပြေးလို့ ပြန်မိတဲ့အချိန် တရားရုံးရင်ဆိုင်ရရင်တော့ ဘာမေတ္တာတရားမှ ကူညီနိုင်မှာမဟုတ်တော့ တဲ့အ တွက် ထိုက်သင့်တဲ့ပစ်ဒဏ် အပြည့်ခံရမှာဖြစ်ပါတော့တယ်။

Knowledge Croner

Credit: နေမျိုးသူရ
 
Top