အသက် 6 နှစ်သာရှိသေးတဲ့ ဘော့စနီးယားနိုင်ငံသား Ismail Zulfi ဟာ လက်တွေမပါဘဲမွေးလာတဲ့ သူုဖြစ်ပါတယ်။ ဒါ့အပြင် ခြေထောက်တစ်ဖက်ကလည်း အင်္ဂါမစုံလင်ပါဘူး။ သူဟာ ငါးနှစ်လောက် မတိုင်ခင်ကတည်းက ရေအလွန်
ကြောက်သူတစ်ယောက်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ရေကူးကလပ် တက်ရောက်ခဲ့ပြီး၊ အခုဆို ပြည်နယ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါပြီ။
ဒီလို ရွှေတံဆိပ်ဆုရဖို့ Ismail ရဲ့ မိဘတွေက လုံးဝ မျှော်လင့်မထားခဲ့ဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ ပြိုင်ပွဲဝင်တွေ
ထဲမှာ Ismail ထက် အသက် နှစ်ဆလောက်ကြီးတဲ့သူတွေ ပါဝင်ပါတယ်။ ပြိုင်ပွဲစတင်ချိန်မှာပဲ မိဘတွေဟာ သားဖြစ်သူကို ရင်ကွဲမတတ် အော်ဟစ်အားပေးခဲ့ပြီး နောက်ဆုံးမှာတော့ မီတာ 50 အလွတ်ကူးပြိုင်ပွဲမှာ Ismail ပန်းဝင်နိုင်ခဲ့ပါတယ်။
Ismail တက်ရောက်နေတဲ့ Spid swimming club ကိုတော့ နည်းပြဆရာ Kapo က ကိုင်တွယ်ပြီး မသန်စွမ်းကလေး
တွေကိုသာ သီးသန့်ပျိုးထောင်ပေးရာ နေရာဖြစ်ပါတယ်။ လပေါင်းအနည်းငယ် အကြာမှာ Ismail ဟာ အိုလံပစ်အရွယ် အစားရေကူးကန်ကို မည်သည့်အကူအညီမှ မပါဘဲ ကျွမ်းကျင်လျှင်မြန်စွာ ကူးခတ်နိုင်ခဲ့ပါတယ်။
Ismail က ” ကျွန်တော်က အောင်မြင်မှုကို ချစ်ပါတယ် .. “လို့ ရွှေတံဆိပ်ကိုကိုင်ကာ ပြောခဲ့ပါတယ်။ သူဟာ ခြေထောက် ပဲ အသုံးပြုပြီး၊ စာရေးခြင်း၊ ထမင်စားခြင်း စတဲ့ တစ်ကိုယ်ရေကျွမ်းကျင်မှုတွေလည်း ပိုင်ဆိုင်ထားပါပြီ။ Zagreb မှာ ပြုလုပ်တဲ့ အဲဒီပြိုင်ပွဲမှာ Spid swimming club မှ ကလေးငယ်တွေဟာ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ် 2 ခု စွတ်ခူးနိုင်ခဲ့ ကြောင်း သိရပါတယ်။
source : indiatimes.com
Post a Comment