ဦးလွင်မိုးသားမက်အစစ် ဘယ်သူလဲ?
သရုပ်ဆောင်များ မင်းသားလွင်မိုးနဲ့ မေသူတို့ရဲ့ သမီးအကြီး ယွန်းဝတီလွင်မိုးကတော့ သူ့ပရိသတ်နဲ့သူ ရှိပြီးသားပါ။ သူ့ပရိသတ်တွေကတော့ ချစ်လိုက်တာမှ တုန်လို့ … တော်တော်လေးလဲ အစအနောက်သန်ကြသူတွေပါ။ ယွန်းဝတီလွင်မိုးက “ဖေဖေနဲ့” ဆိုပြီး လွင်မိုးနဲ့ပုံတစ်ပုံ တင်လိုက်တဲ့ ပို့စ်အောက်က ကွန်မန့်တွေမှာတော့ သားမက်အတော်ခံချင်ကြတဲ့ လူစွမ်းကောင်းတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ရေးထားကြတဲ့ ကွန်မန့်တွေကို ဖတ်ကြည့်ပြီး ကိုယ့်ဘာသာ ဗိုက်နှိပ် ရယ်ပေတော့ … ယွန်းဝတီလွင်မိုးကလည်း တချို့ကွန်မန့်တွေကို အပျော်သဘောနဲ့ ပြန်ပြီး Reply လုပ်ထားပါသေးတယ် .. ခက်တာကတော့ လွင်မိုးသားမက်တွေ များနေတာပါပဲ ...











Post a Comment