ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ တိပိဋကနိကာယကျောင်းတိုက် မှ ဆရာတော်အရှင်ဝီရိယာနန္ဒ သည် ၂၀၁၁ နောက်ပိုင်း ငါးနှစ် အတွင်း ပထမဆုံး ပိဋကသုံးပုံကို ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုအောင်မြင်တော်မူသည့် တိပိဋကဓရတိပိ ဋကကောဝိဒဘွဲ့ရရှိသည်။
သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနက ဦးဆောင်ပြီး (၆၉)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာ မေးပွဲအောင်မြင်သော အရှင်ဝီရိ ယာနန္ဒအပါအဝင် သံဃာအပါး ၉၀ ကို မေလ ၁၉ ရက်တွင် ရန် ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သီရိ မင်္ဂလာ ကမ္ဘာအေးကုန်းမြေမဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ချီးကျူးပူဇော်ပွဲနှင့် အောင်လက် မှတ်ဆက်ကပ်ပွဲ ပြုလုပ်ခဲ့သည်။
သက်တော် (၄၇)နှစ်၊ ဝါတော်(၂၇)ဝါရှိ အရှင်ဝီရိယာနန္ဒသည် တိပိဋကဓရဘွဲ့ တံဆိပ်တော်၊တိပိဋကဓရအောင် လက်မှတ်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်ခံယူပြီး တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ရရှိသည့် (၁၄)ပါးမြောက် ဆရာတော်ဖြစ်လာကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သည်။ ဒုတိယသမ္မတဦးမြင့်ဆွေက ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။
(၆၄)ကြိမ်မြောက် စာမေးပွဲ တွင် တိပိဋကဓရတိပိဋကကောဝိ ဒတစ်ပါး ပေါ်ထွန်းခဲ့ပြီးနောက် ငါးနှစ်အကြာတွင် တိပိဋကဓရတိပိ ဋကကောဝိဒတစ်ပါး ထူးထူးခြား ခြား ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။
တိပိဋကဓရတိပိဋကကော ဝိဒဘွဲ့သည် ပိဋကသုံးပုံကို ရေး ဖြေနှင့် နှုတ်ဖြေနှစ်ရပ်စလုံးဖြေဆို အောင်မြင်မှ ရရှိခြင်းဖြစ်ကြောင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ညွှန်ကြားရေးမှူး ဦး အောင်ဆန်းဝင်းက ပြောသည်။
ထို့အပြင် ယခုစာမေးပွဲတွင် ပိဋကနှစ်ပုံရေးဖြေအောင် တစ် ပါး၊ ပိဋကနှစ်ပုံ အာဂုံအောင်ရှစ် ပါး၊ ပိဋကတစ်ပုံရေးဖြေအောင် ငါးပါး၊ ပိဋကတစ်ပုံအာဂုံအောင် ၁၇ ပါး၊ ဝိနည်းပထမပိုင်းရေးဖြေ အောင် ၁၁ ပါး၊ ဝိနည်းပထမပိုင်း အာဂုံအောင် ၄၇ ပါးလည်း ထွက် ပေါ်ခဲ့သည်။ အဆိုပါသံဃာတော် များကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘွဲ့တံဆိပ် တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ခဲ့သည်။
တိပိဋကဓရတိပိဋကကော ဝိဒရွေးချယ်ရေးစာမေးပွဲကို နှစ်စဉ်ဒီဇင်ဘာ နောက်ဆုံးပတ်ကစ၍ ၃၃ ရက်ကြာ ကျင်းပလျက်ရှိသည်။တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ကို ယနေ့အထိ ဆရာတော် ၁၄ ပါးခံယူရရှိတော်မူပြီး လက်ရှိတွင်သက်တော်ထင်ရှား ၁၀ ပါးရှိသည်။
မြန်မာနိုင်ငံလွတ်လပ်ရေး အကြိုကာလကတည်းက လွတ် လပ်ရေးရရှိပြီးလျှင် ဆဋ္ဌသံဂါယ နာတင်ရန် စီစဉ်လျက်ရှိရာ အခြား ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများက ပိဋကသုံးပုံ အာဂုံဆောင်ပုဂ္ဂိုလ် များရှိမှ သံဂါယနာတင်နိုင်ခွင့်ရှိ သည်ဟု ဝေဖန်ပြောကြားမှုများ ကြောင့် အစိုးရက တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲများ ကျင်းပခဲ့ခြင်းဖြစ် သည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါပွဲတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်း တိုက်ဆရာတော်၊ ဒုတိယဥက္ကဋ္ဌ ဆင်မင်းကျောင်းဆရာတော်တို့ တက်ရောက်ပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။