အသက် ၂၅ ကျော်လာတဲ့အခါ ဘယ်တော့စားရမှာလဲဆိုတာမျိုး သူငယ်ချင်း၊ မိတ်ဆွေတွေဆီက အမေးခံဖူးကြမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အချိန်အကြာကြီးတွဲတာကြပြီးပြီ ဆိုရင်တောင် ဖူးစာမပါတဲ့အခါ၊ အကြောင်းမတိုက်ဆိုင်တဲ့အခါ ကွဲကွာသွားတက်ကြပါတယ်။
သက်ဆိုင်သူ ကိုယ်ဆီရှိထားကြပေမယ့်လည်း ဒီအချက် (၈) ချက်ရှိနေမယ်ဆိုရင် သင်တို့ ဖူးစာပါပြီး ပေါင်းဖက်ကြရမယ့် ရာနှုန်းအလွန်နည်းပါလိမ့်မယ်။ တနည်းအားဖြင့် သင်တို့ ဖူးစာပါ၊ မပါဆိုတာ ဒီအချက်တွေ ကြည့်ပြီးလည်း သိနိုင်ပါတယ်။
၁။ တစ်ယောက်နဲ့ တစ်ယောက်ဘယ်တော့မှ ညှိနှိုင်းလို့မရဘူး။ အကြိုက်ချင်းလည်း အမြဲတမ်း တစ်လွဲချည်းပဲ။
၂။ သင်တို့အကြား ဆက်ဆံရေးက ပိုပြီးဆိုးရွားလာတယ်။ သင်တစ်ယောက်တည်း ထွက်သွားချင်စိတ်တွေ ပေါက်လာမယ်။
၃။ သူနဲ့ပတ်သက်ပြီး စိတ်ပျက်စရာတွေ များလာမယ်။ သူနဲ့ တစ်ဘဝလုံးအတူနေသွားဖို့ကိုတောင်မှ စိုးရိမ်ကြောက်ရွံ့လာမယ်။
၎။ လက်ထပ်ရတာကို သင်ကလည်း သိပ်ကြိုက်သူမဟုတ်ဘူး။ ဥပမာ လက်ထပ်ထားတဲ့ သူငယ်ချင်းတွေ ဒုက္ခရောက်နေကြတာ တွေ့ထားလို့။
၅။ ကိုယ့်ရဲ့ မင်္ဂလာဆောင်က ဘယ်လိုဆိုတာကို သင်စိတ်ကူးယဉ်ကြည့်လို့ မရဖြစ်နေတယ်။ တနည်းပြောရရင် မင်္ဂလာဆောင်ရမှာကိုတောင် ဘာမှန်းမသိပဲ စိုးရိမ်နေတယ်။
၆။ သင်တို့နှစ်ယောက်လုံး လွတ်လွတ်လပ်လပ်နေရတာ ကြိုက်တယ်ဆိုပြီး အမြဲပြောမယ်။ မချုပ်ချယ်နဲ့လို့လည်း ခဏခဏ ပြောမယ်။
၇။ အခြားလူတွေလိုပဲ အိမ်ထောင်ပြု၊ ကလေးယူဆိုတဲ့ နည်းလမ်းဟောင်းကြီးကို သင်ငြီးငွေ့နေမယ်။ ဒါမှမဟုတ် သင့်ရဲ့ သက်ဆိုင်သူ ငြီးငွေ့နေလိမ့်မယ်။
Source & Photos : Life