“မိန်းမတို့ ဘုန်း ဆံထုံး” ဆိုသလိုပဲ ဆံပင်လေးလှနေရင်ကို လူတွေ
ငေးကြရတာ။ ဒီတော့ တူညီတဲ့ အကျိုးသက်ရောက်မှုဆိုသလိုပဲ ဆံပင်ကျွတ်တဲ့အခါမှာ
ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုလည်း လျော့ကျလာပါတယ်။ ယနေ့ခေတ် လူနေမှု
ပုံစံကလည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့်
ဆံပင်ကျွတ်ခြင်းကို သက်သာစေမယ့် သဘာဝ နည်းလမ်းလေးတွေကို
တင်ပြပေးလိုက်ပါတယ်။
၁။ ဆီပူနဲ့ နိပ်နယ်ပေးပါ
အုန်းဆီ ဒါမှမဟုတ် ဗာဒံသီးအဆီကို အပူပေးပြီး ဦးရေးပြားပေါ်လိမ်းကာ
လက်ချောင်းထိပ်ကလေးတွေနဲ့ ဦးရေပြားကို နိပ်နယ်ပေးပါ။ ဆီပူနဲ့
နှိပ်နယ်ပေးခြင်းဟာ ဆံသားမွှေးညင်းပေါက်ကလေးများရဲ့ သွေးလည်ပတ်မှုကို
အားကောင်းစေပြီး ဆံသားအရင်းအမြစ်များကို သန်မာစေပြီး ဦးရေပြားကို
အားဖြည့်ပေးပါတယ်။
၂။ ကြက်သွန်နီအရည်
ကြက်သွန်နီမှာ ဆာလဖာ(Sulphur)များစွာပါဝင်တာကြောင့် ဆံပင်ကျွတ်ခြင်းကို
သက်သာစေပါတယ်။ ဆံသားမွှေးညင်းပေါက်တွေရဲ့သွေးလည်ပတ်မှုကို ကောင်းစေတာကြောင့်
မွှေးညင်းပေါက်များကို ပြန်လည် ဖွံ့ဖြိုးစေပြီး ရောင်ရမ်းခြင်းကိုလည်း
လျော့ကျစေပါတယ်။ ဒါ့အပြင် ဆံပင်ကို ကျွတ်စေနိုင်တဲ့ ဦးရေပြား ကူးစက်
ရောဂါတွေမဖြစ်အောင်လည်း တားဆီးပေးပါတယ်။
၃။ မုန်လာဥနီဖျော်ရည်
မုန်လာဥနီဟာ ဆံပင်မကျွတ်စေဖို့ လိုအပ်တဲ့အဟာရကို ဖြည့်ဆည်းပေးပါတယ်။ ဒါ့ကြောင့် မုန်လာဥနီဖျော်ရည်ကို ပုံမှန်သောက်ပေးပါ။
၎။ လက်ဖက်စိမ်း
လက်ဖက်စိမ်းဟာ ဆံပင်မွှေးညင်းပေါက်ကလေးတွေကို အားဖြည့်ပေးပြီး
ဆံသားအသစ်တွေကို ထပ်ထွက်လာ စေပါတယ်။ ဆံပင်ပေါက်နှုန်းကိုလည်း
ပိုမိုမြန်ဆန်စေပါတယ်။
၅။ တရားထိုင်ပါ
ကျွန်တော်တို့ဆီမှာရှိတဲ့ ပြဿနာအတော်များများကို တရားထိုင်ခြင်းနဲ့
ဖြေရှင်းနိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်း ကိုလည်း လျော့နည်းစေဖို့
နေ့စဉ်တရားထိုင်ခြင်းက ကူညီပေးနိုင်ပါတယ်။
၆။ အိန္ဒိယ ဂူ့စ်ဘယ်ရီ (Indian Gooseberry)
ဆံပင်ကျွတ်ရတဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခုဟာ ဗီတာမင်စီ
ချို့တဲ့လို့ဖြစ်ပါတယ်။ အိန္ဒိယ ဂူးစ်ဘယ်ရီ(Indian Gooseberry)မှာ ဗီတာမင်စီ
ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၇။ သဘာဝခေါင်းလိမ်းဆီ
ဓါတုပစ္စည်းများမပါဝင်ပဲ ငှက်ပျောသီး၊ အုန်းဆီ၊ သံလွင်ဆီ၊
ပျားရည်ကဲ့သို့သော သဘာဝပစ္စည်းများပါဝင်သော ခေါင်းလိမ်းဆီများကို
အသုံးပြုခြင်းအားဖြင့်လည်း ဆံပင်ကျွတ်ခြင်းကို ထိန်းချုပ်နိုင်ပါသည်။
၈။ တမာရွက်
တမာရွက်ဟာ ဆံပင်ကျွတ်ခြင်းကို အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ တမာရွက်ကို
ပြုတ်၊ ကျိတ်ချေပြီး အနှစ်လုပ်ပါ။ Shampooနဲ့ ခေါင်းလျှော်ပြီးတဲ့အခါမှာ
တမာရွက်အနှစ်ကို ဦးရေပြားပေါ်မှာလိမ်းပေးပါ။ မိနစ်သုံးဆယ်ခန့်
လိမ်းထားပြီးမှ ရေဆေးလိုက်ပါ။ တစ်ပတ်ကို နှစ်ခါ လိမ်းပေးပါ။
၉။ ရှားစောင်းလက်ပတ်
ရှားစောင်းလတ်ပတ်မှာ ဆံပင်သန်စွမ်းမှုကိုအားပေးတဲ့
အင်ဇိုင်း(Enzymes)တွေများစွာပါဝင်ပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည်
ဒါမှမဟုတ် အနှစ်ကို ဦးရေပြားပေါ် လိမ်းပေးနိုင်ပါတယ်။ ထမင်းအစားခင်
ရှားစောင်းလက်ပတ်အနှစ် လဖက်ရည်ဇွန်း တစ်ဇွန်းစားလောက်စားပေးရင်လည်း
ဆံသားတွေကို ပိုမိုအားကောင်းစေပါတယ်။
၁၀။ ကြက်ဥအကာနဲ့ ထောပတ်
ကြက်ဥအကာနဲ့ထောပတ်ကိုတော့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ဖို့အတွက်
သုံးကြပါတယ်။ ကြက်ဥနှစ်လုံးရဲ့အကာရည်ကို ပန်းကန်တစ်လုံးထဲသို့ထည့်ပြီး
ထောပတ်ဒါမှမဟုတ် ဒိန်ချဉ် လတ်လတ်ဆတ်ဆတ် စားပွဲတင်ဇွန်းနှစ်ဇွန်းကို
အကာရည်ထဲသို့ထည့်ပါ။ တမာရွက် အမှုန့်ကို ပါရောထည့်မွှေပြီး ဦးရေပြားကို
လိမ်းပေးပါ။
Post a Comment