0



ရန်ကုန်မြို့ တွင်းမှာ လိုင်းကားတိုးစီးနေရတဲ့ အမျိုးသမီးတွေကို ကားကြပ်နေတဲ့ကြားက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနတာတွေဟာ ကပ်ဘေးဆိုးတခုလို
ရင်ဆိုင်နေရကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပိုစ့်သတင်းစာအွန်လိုင်း
စာမျက်နှာမှာ အကျယ်တ၀င့်ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီး ၁၀၀ မှာ ၈၀ ဟာ ကားပေါ်မှာ ကာမရူး အမျိုးသားတွေရဲ့  ဟိုကိုင် ဒီပွတ် ခံရတာကို ရုန်းကန်တိုက်ပွဲဝင်နေကြရတယ်လို့  ဆိုပါတယ်။
ဥပဒေကြောင်းအရကာကွယ်ထားတာဟာအားနည်းချက်တွေရှိနေပြီး ဥပဒေက ဟာသဖြစ်နေပါတယ်၊ ဒေါ်ထားထားဟာ ခုလို ကားပေါ်မှာ စော်ကားခံရ
လို့  တရားရုံးတိုင် အမှုဖွင့်ခဲ့ပေမယ့် တရားသူကြီးက ကျူးလွန်သူကို ဒဏ်ငွေ
ကျ၅၀ သာ အမိန့် ချခဲ့ပါသတဲ့။

(ထိုင်းနိုင်ငံမှာခုလိုအမျိုးသမီးတွေကို လိင်ပိုင်ဆိုင်ရာကိုယ်ထိလက်ရောက်
ကျူးလွန်မှူကို ထောင်ဒဏ် လေးနှစ်မှ နှစ် ၂၀ အထိ အပြစ်ပေးနိုင်ပြီး
ဒဏ်ငွေ ထိုင်းဘတ်၈၀၀၀ မှ ၄၀၀၀၀ အထိ သတ်မှတ်ထားပါတယ်။
မိန်းခလေးတွေအနေနဲ့  ခုလို အမှုမျိုးရင်ဆိုင်လာရတဲ့အခါ မှာ အမျိးသမီးအဖွဲ့ ၊လူအခွင့်ရေးရှေ့ နေနဲ့  ရဲတပ်ဖွဲ့  ပူးပေါင်းပြီး တရားလိုအဖြစ် ကာကွယ်တရားစွဲပေးသင့်တယ်။ ကျူးလွန်တဲ့တရားခံတွေ ကို အပြစ်ပေးတဲ့နေရာမှာ
တရားသူကြီးအကြိုက် အမိန့် ချတာမျိုးမဟုတ် ဥပဒေကြောင်းအရ အခိုင်အ
မှာ ထုတ်ပြန်ထားသင့်ပါတယ်။

Post a Comment

 
Top