မန္တလေးမြို့၊ အောင်မြေသာစံက နဂါးဂိမ်းဆိုင်ကို ဖမ်းလိုက်ပြီ
မန္တလေး၊ မေ ၂၃
မန္တလေး အောင်မြေသာစံမြို့နယ်ထဲက နဂါးဂိမ်းဆိုင်ကို ယမန်နေ့ ည ပိုင်းက ရဲတွေ ၀င်ရောက်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အဲဒီဆိုင်ဟာ မေဃဂီရိရပ်ကွက်၊ ၈၁ လမ်း၊ ၁၆x၁၇ လမ်းကြားမှာ ရှိတဲ့ဆိုင်ပါ။
ဖမ်းဆီးအရေးယူ သိမ်းဆည်းထားမှု စာရင်းကို ရဲက သတင်းထုတ်ပြန်ရာ မှာတော့ တရုတ်နဂါးဂိမ်းစက် ၅ လုံးနဲ့ အတူငွေသိမ်းသူ ၁၀ ဦး၊ ဂိမ်းကစားနေသူ ၂၆ ဦး၊ လောင်းကြေးငွေ ၁၁သိန်းကျော်နဲ့ အခြားဆက်စပ်ပစ္စည်းတွေ၊ပြီးတော့ ဆိုင်ကယ်မျိုးစုံ(၉)စီး၊
ဖုန်းမျိုးစုံ(၁၉)လုံးတို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ပိုင်ရှင် ဖြစ်သူကို ဖမ်းထားတယ် ၊ဒါမှ မဟုတ် စစ်ဆေးနေတယ် ၊စတာတွေတော့ သတင်းထုတ်ပြန်ချက်ထဲ ပါမလာပါဘူး။
အောင်မြေသာစံမြို့မရဲစခန်းမှာ အမှုဖွင့် စစ်ဆေး နေတယ်လို့သာ ရဲက ပြောဆိုထားပါတယ်။

Post a Comment