ဂျပန်နိုင်ငံကို လာလည်တဲ့သူတွေမှာ အံ့သြစရာကောင်းလောက်အောင် ဂျပန်ရဲ့ ထူးခြားချက်တွေရှိပါတယ်။ ဘာတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်နော်။
၁။ ကာတွန်းပုံလေးတွေကို လမ်းတွေ၊ ဆေးရုံတွေရဲ့လမ်ညွှန်အဖြစ် အသုံးပြုတယ်။ အခြားနိုင်ငံတွေမှာ တွေ့ရမှာ မဟုတ်ပါ။
၂။စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာ ကိုယ့်ပစ္စည်းကို ထားပြီး ကောင်တာမှာ စားစရာ သွားမှာလဲ ပစ္စည်းခိုးမယ့်သူ မရှိပါ။
၃။ အိမ်သာတွေကလည်း သန့်ပြီး ရိုးရိုးအိမ်သာရှိသလို၊ ကိစ္စပြီးရင် ရေနဲ့ အလိုအလျှောက်ဆေးပေးတဲ့ အိမ်သာကတော့ စိတ်ဝင်စားစရာပါ။
၎။ ဂိမ်းဆိုင်တွေကလည်း နေရာတိုင်းမှာရှိပြီး ဂိမ်းကစားတဲ့သူတွေထဲမှာ ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်လောက်တဲ့ အဆင့်ရှိသူတွေ ကစားနေတာကို တွေ့ရရင်တော့ ကံထူးတာပေါ့။
၅။ ဂျပန်မှာ ဖိနပ်ကို ခဏခဏပြောင်းစီရလေ့ရှိတယ်။ အိမ်ထဲဝင်ရင် အိမ်ထဲစီးဖိနပ်၊ အိမ်သာထဲဝင်ရင်လည်း ပြောင်းစီးဆိုတော့ အလုပ်တော့ နည်းနည်း ရှုပ်ပါလိမ့်မယ်။
၆။ ဈေးပေါတဲ့ တည်းခိုခန်းတွေမှာဆိုရင်တော့ ရေချိုးခန်းက ဘုံဖြစ်တာကြောင့် အများနဲ့အတူတူ ချွတ်ချိုးရတော့ ရှက်စရာပါ။
၇။ ဂျပန်တွေနဲ့ ညသွားသောက်ဖြစ်ရင် အရက်ကို ကိုယ့်ဟာကို ထည့်လေ့မရှိပဲ၊ တဖက်သားက ထည့်ပေးတာကို စောင့်ရပါတယ်။
၈။ ဂျပန်တွေ တော်တော်များများက အင်္ဂလိပ်စကား ပြောရမှာကို ကြောက်ပါတယ်။
၉။ နာမည်ကြီးနေရာတွေမှာ ဥရောပက ဧည့်သည်တွေထက် ပြည်တွင်းနဲ့ အာရှတိုက်က ဧည့်သည်တွေများ၏။
၁၀။ ဂျပန်မှာ ဓါတ်ပုံရိုက်ရင် Chess လို့ပြောပြီး Peace ပုံ လက်ထောင်ရပါတယ်။
၁၁။ ဘယ်နေရမှာမဆို အားလုံးက ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံမှာပါ။
၁၂။ ဘယ်ဆိုင်ကို ဝင်ဝင် ကြိုဆိုပါတယ် လို့ နှုတ်ဆက်မှာဖြစ်ပြီး ပြန်ထွက်ရင်လည်း ကျေးဇူးတင်ပါတယ် လို့ နှုတ်ဆက်ပါလိမ့်မယ်။
၁၃။ လိုင်းကားပဲစီးစီး၊ ရထားပဲစီးစီး သတ်မှတ်ထားတဲ့ အချိန်ကို နောက်ကျတယ်ဆိုတာ မရှိပါ။
၁၄။ အချို့ရထားတွေရဲ့ ထိုင်ခုံတွေကို ကိုယ်လိုချင်သလို လှည့်လို့ရတာကြောင့် မိသားစုတွေနဲ့ ခရီးသွားရင် အရမ်းပျော်ဖို့ကောင်းမှာပါ။
၁၅။ မြေအောက်ရထားကတော့ စီးရင်းနဲ့ လမ်းပျောက်မှာကို သတိထားပါ။
၁၆။ ဂျပန်တွေက ရထားထဲမှာ အိပ်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညမိုးချုပ်ချိန်အထိ အလုပ်လုပ်ရတဲ့အတွက် ဘယ်နေရမှာမဆို အိပ်တတ်တဲ့အကျင့် ရနေပါပြီ။
၁၇။ ဂျပန်က အစားအစာတွေက ဘယ်လိုကြည့်ကြည့် လှနေပါတယ်။ အရသာကတော့ အမျိုးမျိုးပေါ့နော်။
၁၈။ ဘယ်နေရာသွားသွား Vending Machine တွေရှိတာကြောင့် သောက်စရာ၊ စားစရာအချို့ကို လွယ်လွယ်နဲ့ ဝယ်နိုင်ပါတယ်။
၁၉။ စားသောက်ဆိုင်တွေမှာ ပြထားတဲ့ အစားအစားပုံတူတွေက တကယ့်ကို အသက်ဝင်လွန်းလို့ စိတ်ဝင်စားစရာကောင်းပါတယ်။
၂၀။ နေရာတကာမှာ စက်ဘီးတွေနဲ့ တွေ့နေရတော့ လမ်းလျှောက်ရင်တော့ နည်းနည်း အနှောက်အယှက် ဖြစ်လိမ့်မယ်။
၂၁။ လမ်းသွားရင်း ဆေးလိပ်သောက်ရင် သတိပေးခံရတတ်တယ်။
၂၂။ ရထားထဲမှာ ဖုန်းသံကို မပိတ်ထားရင်လည်း သတိပေးခံရတတ်တယ်။
၂၃။ ရဲကိုမသိလို့သွားမေးရင် သေသေချာချာ ရှင်းပြပေးတယ်။
၂၄။ မြို့ထဲလမ်းလျှောက်ရင် ချက်ချင်းမရပ်လိုက်ပါနဲ့။ အနောက်ကလူက ဝင်တိုက်တတ်ပါတယ်။ အားလုံးလမ်းလျှောက်တာ မြန်လို့ပါ။
၂၅။ တခုခုဝယ်ရင် သေချာတန်းစီပါ။ ကြားဖြတ်ဝင်လို့ကတော့ စူးလျှတဲ့မျက်လုံးတွေနဲ့ ကြည့်ခြင်းကို ခံရပါလိမ့်မယ်။
၂၆။ လမ်းမှာ အမှိုက်ပစ်တဲ့သူမရှိပါ။ စည်းကမ်းတကျ အမှိုက်ပုံးအတွင်းသာ ပစ်လေ့ရှိပါတယ်။
Credit: ChelmoTeam
 
Top