ယောက်ျားလေးတွေက သမီးရည်းစားဘဝကို ရောက်သွားရင်တော့ ချစ်တယ်လို့ ပြောရမှာကို ဝန်လေးလာကြပါတယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ချစ်ပြီဆိုရင် ဘာကိုမှ မမြင်တော့ပါ။ ချစ်တယ်ဆိုတဲ့အဆင့်အထိ ရောက်ဖို့ရန်သာ အချိန်ကကြာတတ်ပါတယ်။ သူတို့ဆီက ချစ်တယ်ဆိုတဲ့အကြောင်း စကားလုံးကို မကြားရတော့ရင် စိတ်မပူပါနဲ့။ သူတို့ရဲ့လုပ်ပုံကိုင်ပုံကို ကြည့်ရင် ကိုယ့်ကို ချစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

၁။ မင်းအနားမှာ အမြဲရှိနေပါတယ်။
ကိုယ်ကသွားချင်တဲ့နေရာဆိုရင် သူက အမြဲတမ်းလိုက်ပေးနေတယ်ဆိုရင် သက်သေပြရန် မလိုတော့ပါ။

၂။ နေမကောင်းရင်လည်း အနားမှာ အမြဲရှိတယ်။
နေမကောင်းလို့ မတွေ့ချင်ဘူး မဟုတ်ပဲ၊ ရောဂါကူးမှာကိုတောင်မကြောက်ပဲ၊ ကိုယ့်ကို စောင့်ပေးလေ့ရှိတယ်။

၃။ သူငယ်ချင်းတွေကိုတောင် ကျွေးလိုက်သေးတယ်။
သူငယ်ချင်းတွေနဲ့အတူ ရှိနေချိန်မှာ သူတို့အတွက်တောင် ဒကာခံလိုက်သေးတယ်။

၎။ မင်းစားချင်တာကို စားမယ်။
ဘာစားချင်သလဲဆိုတာကို သူစားချင်တာထက် ကိုယ့်ကို အမြဲ ဦးစားပေးပြီး မေးလေ့ရှိတယ်။

၅။ မင်းကြိုက်တဲ့ မုန့်လေးတွေကို ဝယ်ထားတယ်။
သူက ကိုယ်ကြိုက်တတ်တဲ့ မုန့်လေးတွေကို အမြဲတမ်း ဝယ်ပြီး ဆောင်ထားလေ့ရှိတယ်။

၆။ ခရီးကပြန်လာရင် မင်းကို အရင်လာတွေ့တယ်။
အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ ကိစ္စတစ်ခုခုကြောင့် ခရီးကပြန်လာရင် မင်းလေးဆီကို ဖုန်းအရင်ဆက်ပြီး လာတွေ့လေ့ရှိတယ်။

၇။ ဘယ်လောက်ပဲအလုပ်များများ ဖုန်းနဲ့ Msg တွေကို မမေ့ပါ။
အလုပ်တွေများနေပါစေ၊ မင်းဆီက ဖုန်းနဲ့ Msg တွေကို အချိန်နဲ့တပြည်းညီ ပြန်ဖြေနေပါတယ်။

၈။ မင်းပြောခဲ့တဲ့စကားလေးတွေ အားလုံးကို မှတ်ထားတယ်။
မင်းပြောခဲ့တဲ့စကား၊ မင်းရဲ့အကြောင်း၊ မင်မကြိုက်တတ်တဲ့ကိစ္စလေးတွေ အားလုံးကို ဘယ်တော့မှ မမေ့ပါ။

၉။ မင်းနဲ့သာ အတူတူရှိမယ်ဆိုရင် သူငယ်ချင်းတွေနဲ့လည်း ဖြစ်ပါတယ်။
မင်းနဲ့သာ အတူတူရှိနေရမယ်ဆိုရင် သူငယ်ချင်းတွေလည်း အနှောက်အယှက်လို့ မမြင်ပါ။

၁၀။ မနက်အိပ်ယာထရင် လှတယ်လို့ ပြောမိတယ်။
မင်းလေး အိပ်ယာထရင် မနက်တိုင်း လှတယ်လို့ အမြဲပြောနေတယ်။

၁၁။ မင်းရဲ့ ရင်ထဲက စကားတွေကို အမြဲတမ်း နားထောင်နေမှာပါ။
အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ ကိစ္စတခုခုကြောင့် မင်းလေး စိတ်ဓါတ်ကျနေချိန်မှာ သူကအားလုံးကို ဂရုတစိုက် နားထောင်ပေးနေမှာပါ။

၁၂။ လူတွေရှေ့မှာဆိုပြီး ဆက်ဆံပုံက ပြောင်းမှာ မဟုတ်ပါ။
ဘယ်သူ့ရှေ့မှာဖြစ်ဖြစ်၊ မင်းလေးကို ဆက်ဆံပုံက ဘယ်တော့မဆို လေးလေးစားစား ယုယုယယ ဆက်ဆံမှာပါ။

၁၃။ မင်းဘဝက ကိုယ့်ဘဝလို့ ခံယူထားတယ်။
မင်းအပေါ်မှာ ဖြစ်နေတဲ့အကြောင်းအားလုံးကို ကိုယ့်မှာ ဖြစ်နေတယ်လို့ ခံယူထားပြီး ဖြေရှင်းပေးနေတယ်။

၁၄။ မင်းရဲ့အိတ်လေးကိုလည်း အမြဲ ကိုင်ပေးနေတယ်။
ဘယ်ကိုပဲသွားသွား၊ လိုအပ်ရင် အချိန်မရွေး မင်းရဲ့အိတ်လေးကို ကိုင်ထားပေးတတ်တယ်။

၁၅။ နှုတ်ကနေထက် မျက်လုံးနဲ့ ချစ်တယ်လို့။
ပါးစပ်ကနေ ချစ်တယ်လို့ မပြောပင်မဲ့လည်း သူ့ရဲ့မျက်လုံးလေးတွေကို ကြည့်လိုက်ရင် ချစ်တယ်ဆိုတဲ့ သင်္ကေတလေးတွေကို မြင်ရမှာပါ။


Credit: ChelmoTeam
 
Top