တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို မေလ(၁၆)ရက်နေ့က ရန်ကုန်လေဆိပ်ကနေထွက်ခွာသွားပြီဖြစ်တယ်လို့သိရပါတယ်

ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ မေသန်းနု ဆုပန်ထွာ တို့ဇနီးမောင်နှံ နဲ့တကွ အပေါင်းသင်းတွေဟာ ဆိုးလ်မြို့က ဆေးခန်းမှာ အလှပြုပြင်ဖို့သွားမယ့်အကြောင်း ဆုပန်ထွာက ဖေ့ဘုတ်မှာ တင်ထားပါတယ်

""Korea နိုင်ငံ Seoul မြို့မှာ အလှသွားပြင်မလို့ပါ။

ရန်ကုန်ကဆေးခန်းနံမည်က Grand Esta Myanmar Beauty Center ပါ။

Korea ဆေးရုံက JW Plastic Surgery Center ဖြစ်ပါတယ်။

အစစအရာရာတာဝန်ယူဆောင်ရွက်ပေးသော Grand Esta ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။""

ပရိသတ်အချို့ကတော့ သူမတို့ပုံတွေအောက်မှာ မပြင်လဲလှနေပြီးသားပါလို့ ချီးကျူးစကားပြောကြပါတယ်
 
Top