အီတလီမြောက်ပိုင်း ၊ ဂရန်း ပါရာဒီဆို အမျိုးသားဥယျာဉ်က ရေကာတာ ပေါ်ကို တက်ပြီး ကျောက်တုံးတွေမှာ ပါဝင်တဲ့ ဆားနဲ့ သတ္တုဓာတ်တွေကို လျာနဲ့ လျက်နေတဲ့ တောင်ဆိတ်ရိုင်းတွေကို ဓာတ်ပုံဆရာ ပါအိုလို က အမိအရ ရိုက်ကူးနိုင်ခဲ့တာပါ။
ဒီတောင်ဆိတ်ရိုင်းတွေဟာ တောင်တက် အင်မတန်ကျွမ်းကျင်တဲ့ တိရိစ္ဆာန်မျိုးအဖြစ် သတ်မှတ်ခံထားရပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ တစ်သောင်းခွဲလောက် အမြင့်ရှိတဲ့ မတ်စောက်ပြီး ကျောက်စိုင်ကျောက်ခဲထူထပ်တဲ့ တောင်တန်းတွေမှာ ကျက်စားလေ့ရှိပါတယ်။
အကြောင်းမဲ့သက်သက်တော့ တောင်ဆိတ်ရိုင်းတွေဟာ အခုလို လူတွေရှိတဲ့နေရာကို လာပြီး ဒီလောက် မတ်စောက်မြင့်မားတဲ့ ရေကာတာနံရံပေါ်ကို သက်စွန့် စံဖျား တက်ရောက်ခဲ့တာမဟုတ်ပါဘူး။ သူတို့ အတွက် အာဟာရ၊သဘာဝရိက္ခာဖြစ်တဲ့ ဆားသတ္တုဓာတ်တွေကို လိုချင်လို့ မလာစဖူး လာရောက်ခဲ့တာပါ။ ရေကာတာ နံရံက ကျောက်တုံးတွေရဲ့ မျက်နှာပြင်မှာ ပါဝင်တဲ့ ဆားဓာတ်တွေကို လျက်ဖို့ အတွက် တောင်ဆိတ်ရိုင်းအများအပြားဟာ ရေကာတာကို သူတို့ ဦးချွန်တွေ၊ ခွာတွေ အသုံးပြုပြီး ခက်ခက်ခဲခဲ တက်ရောက်ခဲ့ကြပါတယ်။ ဒီရှားပါးအဖြစ်အပျက်ကို ဓာတ်ပုံဆရာက အမိအရ မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။
Ref: I f*****g Love Science , DailyMail
 
Top