ခေတ်အဆက်ဆက် နယ်ပယ်ကဏ္ဍအသီးသီး အောင်မြင်ခဲ့ကြသူတွေဆီမှာ တူညီတဲ့ အမူအကျင့်တွေ ရှိနေတက်ပါတယ်။  ပန်းချီကျော် လီယိုနာဒိုဒါဗင်ချီကစပြီး မရှိတော့ပြီဖြစ်တဲ့ APPLE ရဲ့စီအီးအိုဟောင်း စတိဗ်ဂျော့ဗ်အထိ အောင်မြင်တဲ့သူတွေဆီမှ တူညီတဲ့အမူအကျင့်တွေ တွေ့ရပါတယ်။  အဲဒါက ဘာတွေလဲ ဆိုတော့…….

၁။ အောင်မြင်သူတွေဟာ နောက်ပြန်ကြည့်တက်သူတွေဖြစ်ပါတယ်။ အလုပ်တစ်ခုကို ဘယ်လိုပြီးမြောက် အောင်မြင်ခဲ့လဲဆိုတာ အမြဲပြန်စဉ်းစားတက်သူတွေ ဖြစ်ကြပါတယ်။ စခဲ့တဲ့ အလုပ်ကို နောက်ပြန် သွားကြည့်တက်ကြသူတွေ ဖြစ်ပါတယ်။

၂။ အောင်မြင်မှု တစ်ခုရသွားရင် ရပ်တန့်နေသူတွေမဟုတ်ပါဘူး။ ဒီလိုအောင်မြင်မှုမျိုး ထပ်ရအောင် လုပ်တက်ကြပါတယ်။ ဒါပေမယ့် အရင်နည်းလမ်းနဲ့တော့ မဟုတ်ပါဘူး။ နည်းလမ်းအသစ်နဲ့ အောင်မြင်မှုအသစ်ကို ထပ်မံ ရှာဖွေတက်ကြပါတယ်။

၃။ ခုနက ပြောခဲ့သလို အောင်မြင်မှုတွေ ထပ်ခါထပ်ခါယူဖို့ ကြိုးစားတဲ့အခါ နည်းလမ်းဟောင်းတွေ မသုံးကြပါဘူး။ အရင်အကြိမ်ကထက် ပိုပြီးမြန်ဆန်ကောင်းမွန်တဲ့ ရလဒ်ထွက်ဖို့ မတူညီတဲ့ နည်းလမ်းကို သုံးကြပါတယ်။ နည်းလမ်းဟောင်းကနေ ခွဲထွက်ကြသူတွေပါ။

၎။ သူတို့ဟာ စွန့်ခွာရဲသူတွေဖြစ်ပါတယ်။ ဘာကိုစွန့်ခွာတာလဲဆိုရင် အလုပ်ကို စွန့်ခွာရဲကြသူတွေပါ။ ‘‘ Winners never quite and quitters never win’’ ဆိုတဲ့စကားပုံဟာ သူတို့နဲ့တော့ ဆန့်ကျင်ဘက်ပါ။ အောင်မြင်သူအများစုရဲ့ အတိတ်ကိုကြည့်လိုက်ရင် အလုပ်ထွက်ခဲ့သူတွေ၊ ကျောင်းထွက်ခဲ့သူတွေ ဖြစ်နေတာ တွေ့ရမှာပါ။ ဝန်ထမ်းဘဝဆိုတာ သူတို့ရဲ့ စွမ်းအင်တွေ၊ အချိန်တွေကို မတန်တဆ စားသုံးနေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ သူတို့ အလုပ်ထွက်သွားတက်ကြပါတယ်။

၅။ သူတို့ဟာ ကိစ္စတစ်ခုကို အလွယ်တကူ လက်ခံလေ့မရှိပါဘူး။ သူတို့ဟာ အခွင့်အလမ်းကောင်းတွေ အများကြီးကို ဆုပ်ကိုင်ထားသူတွေ မဟုတ်ကြပါဘူး။ သူတို့ဆီမှာ ရည်မှန်းချက်တစ်ခု ရှိပြီဆိုရင် နောက်အခွင့်အလမ်းတွေကို အလွယ်တကူပဲ ငြင်းပယ်တက်ကြပါတယ်။ သင်ဟာ ကြီးမားလှပတဲ့ ရွှေဖရုံသီးတစ်လုံး စိုက်ဖို့ ကြိုးစားနေရင် နောက်ထပ် ကြီးမားလှပတဲ့ ဖရဲသီးတစ်လုံးစိုက်ဖို့ ဘယ်လောက်ပဲ အခွင့်အရေးရှိရှိ စိတ်မဝင်စားသင့်ပါဘူး။ ဒီသဘောပါပဲ။
 
Top