ဂျပန်မလေးတွေကိုကြည့်လိုက်ရင် ပိန်ပိန်းပါးပါး၊ ယဉ်ယဉ်ကျေးကျေးလေးတွေနဲ့ အရမ်းကိုဆွဲဆောင်မှုရှိတာကို မြင်ဖူးကြတယ် ဟုတ်။
ခုလို ဆွဲဆောင်မှုရှိအောင် သူတို့ဘာလုပ်ကြလုပ်ကြလဲဆိုတာ ပြောပြပေးမယ်နော်။
၁) လေ့ကျင့်ခန်း လုပ်တယ်။
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက ဂျပန်မလေးတွေရဲ့ အစိတ်အပိုင်းတစ်ခုပေါ့၊ ကားစီးမယ့်အစား လမ်းလျှောက်တယ်၊ ဓါတ်လှေကားသုံးမယ့်အစား လှေကားသုံးတယ်။ ဒါကြောင့်လည်း သူတို့တွေအမြဲလှနေကြတာပေါ့။
၂) အစာနည်းနည်းပဲစားတယ်။
စားသောက်ဆိုင်မှာ အစားအသောက်တွေမာလိုက်ရင် ပန်းကန်ထဲမှာ အနည်းငယ်သာထည့်လာတာကို သင်ဇာတ်ကားတွေကြည့်ရင်း သတိပြုမိမယ်ထင်။ အစားအသောက်အပြင်အဆင်တွေကလည်း အရမ်းလှတော့ စားရသူ ကိုပါအပြစ်ရှိသလို ခံစားရစေတယ်။ ဒီလိုနဲ့ပဲ
အစားစားတိုင်း ပမာဏအနည်းငယ်သာ စားဖြစ်တော့တယ်။
၃) ငါးကြိုက်ကြတယ်။
ဂျပန်တွေက ငါးကိုအရမ်းကြိုက်ကြတယ်။ ကမ္ဘာ့ပေါ်မှာရှိတဲ့ ငါးတွေရဲ့ ဆယ်ပုံတစ်ပုံကိုတောင်စားသုံးကြတယ်လို့ဆိုတယ်။ ငါးထဲမှာပါတဲ့ Omega acids တွေက သူတို့ကိုကျန်းမားပြီး အသက်ရှည်စေတယ်။
၎) ဟင်းချက်နည်းကောင်းတယ်။
ဂျပန်မလေးတွေက ဟင်းချက်ရင်လည်းခပ်ပေါ့ပေါ့ဘဲ ချက်ကြတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီတွေကို သုံးတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေကို လျှော့သုံးတယ်။
၅) ခွန်အားဖြစ်စေတဲ့ မနက်စာစားတယ်။
မီဆို ဟင်းရည်နဲ့ တခြားဟင်းတွေ အများကြီးကို မနက်စာအဖြစ်စားသုံးကြတယ်။
၆) အချိုလျော့စားတယ်။
သကြားများတာတွေဆိုရှောင်ကြတယ်။ ရေခဲမုန့်ကြာကြာတစ်ခါစားခဲ့တယ်ဆိုရင်တောင် သကြားနည်းတာ ဒါမှမဟုတ် သကြားအနည်းငယ်ပဲ ထည့်စားတယ်။
၇) အစာစားနေတုန်း အရည်မသောက်ဘူး။
သူတို့စားနေတုန်းမှာ ဘာအရည်ဆို အရည်မှမသောက်ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့က ခန္တာကိုယ်ကို နွေးထွေးအောင်လုပ်ရမယ်လို့ယုံကြည်ထားကြတယ်။ အရည်က ခန္တာကိုယ်ကကို အေးသွားစေပြီး အစာချေဖျက်ဖို့ လိုအပ်တဲ့ အက်စစ်တွေကို ဓါတ်ပျယ်သွားစေလို့ပါ။ အစာချေဖျက်ဖို့ စွမ်းအင်တွေအများကြီး သုံးရရင် ဗိုက်မြန်မြန်ဆာမယ်လို့လဲ သူတို့ယုံကြည်ထားကြတယ်။
၈) ရေနွေး နဲ့ချိုးတယ်။
ရေနွေးနဲ့ချိုးတာက ကြွက်သားတွေကို ဖြေလျော့စေတယ်။ ရေကို ၄၀ ဒီဂရီ စဲဆီးယပ်အထိ ပူနွေးအောင်ထားပြီး ချိုးကြတယ်လို့လည်း သိရှိရတယ်၊
 
Top