အပျော်ရှာသူ အမျိုးသမီးတစ်ချို့ရဲ့ ပတ်ဝန်းကျင်မှာ လူကြိုက်များ ရေပန်းစားခြင်းခံရတဲ့ Steve လို့ အမည်ရတဲ့ အသက် 25 နှစ် အရွယ် အမျိုးသားဟာ သူနဲ့ တွဲခဲ့တဲ့အမျိုးသမီးတွေ ဘာကို လိုချင်တပ်မက်ကြသလဲဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။ Steve ဟာ အငှားရည်းစားအဖြစ် အသက်မွေး ၀မ်းကြောင်းပြုသူဖြစ်ပြီး၊ သူရဲ့လုပ်ငန်းကြောင့်လည်း ပေါ်ပြုလာ ဖြစ်နေသူ ပါ။
Steve က သူနဲံ့ပတ်သက်တဲ့ အမျိုးသမီးတွေ သူ့ကို နှစ်လိုရခြင်းမှာ သူရဲ့ လိင်ပိုင်းဆိုင်ရာ ဖြည့်ဆည်းနိုင်မှုစွမ်းအားတစ်ခု တည်းကြောင့် မဟုတ်ပဲ၊ အမျိုးသမီးတွေ သဘောကျရတဲ့ အခြားအချက်အလတ်တွေလည်း ရှိနေသေးတယ်လို့ ၀န်ခံခဲ့ပါတယ်။ Steve ဟာ အသက် 35-40 ကြား အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှုကို အပြည့်အ၀ ပေးစွမ်းနိုင်သူ အဖြစ် ကျော်ကြားသူပါ။
ဒါပေမယ့် Steve က သူ့ကို ကာယကံရှင်အမျိုးသမီးတွေ စွဲလမ်းရခြင်းမှာ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တစ်ခုကြောင့် မဟုတ်ပဲ ၎င်းတို့ရဲ့အဖြစ်သနစ် မှန်သမျှကို မညည်းမညူ အာရုံစူးစိုက် နားထောင်ပေးခြင်းကြောင့် ပိုလို့ ခင်မင်နှစ်သက်ကြတာ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ Steve ဟာ သြစတေးလျနိုင်ငံသားဖြစ်ပြီး၊ ဒီဝန်ခံမှုကို Daily Mail နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တာပါ။
Steve ရဲ့ ဖောက်သည်တွေဟာ နိုင်ငံမျိုးစုံမှဖြစ်ပြီး အများအားဖြင့်တော့ သြစတေးလျ၊ ဂျပန်၊ ကိုရီးယား၊ ဥရောပနိုင်ငံ အများစုမှ ဖြစ်ပါတယ်။ သူက ” သူတို့က ကျနော်နဲ့အတူရှိရတာကို သဘောကျကြပါတယ် … တကယ်တော့ သူတို့ဟာ သူတို့ဘာတွေကို ဘယ်လိုခံစားနေရသလဲဆိုတာတွေကို အပြည့်အ၀ နားလည်တဲ့ ဘယ်သူ့ကိုမဆို သဘောကျကြပါတယ် ဒါက ရင်းနီးရုံသက်သက်နဲ့တော့ မရနိုင်ဘူးလေ … “လို့ ထုတ်ဖော်ခဲ့ပါတယ်။

Steve ဟာ အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ ကျေနပ်နှစ်သိမ့်မှုကို ဖန်တီးရာမှာ အလွန်နာမည်ကြီးသူ ဖြစ်ပြီး၊ အမျိုးသမီး တွေက အပျော်ရည်စားအဖြစ် ကမ်းလှမ်းတဲ့အခါမှာ ပိုက်ဆံဘယ်လောက်ပေးရမယ်လို့ သတ်မှတ်လေ့ မရှိပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေဟာ သူတို့ရဲ့ ကျေနပ်မှုနဲ့အတူ Steve ကို ငွေကြေး မြောက်မြောက်များများ ပေးကမ်းလေ့ရှိပါတယ်။Steve က ” ကျနော်က ငွေရေးကြေးရေး အဓိကမဟုတ်ပါဘူး … သူတို့ ပေးချင်သလောက် ပေးလို့ရပါတယ်… ကျနော်အတွက်ကတော့ ဒီလိုကိစ္စမျိုးဆိုတာ ငွေရေးကြေးရေးကို ထည့်မတွက်သင့်ဘူးလို့ ယူဆပါတယ် … ကျနော်က ငွေနောက် လိုက်နေသူ မဟုတ်ပါဘူး “လို့ ရှင်းပြပါတယ်။ချစ်ရေးချစ်ရာမှာ ကျွမ်းကျင်တဲ့ Steve က ချစ်သူနဲ့အတူ ပြီးပြည့်စုံတဲ့တွေ့ဆုံမှုမျိုး ဖန်တီးလိုသူများအတွက် အကြံပေး
ထားပါသေးတယ်။ သူက ချစ်သူနဲ့တွေ့တဲ့အခါ ညနေ နေရီရီမှာ ညစာစားခြင်းမျိုး၊ ၀ိုင်သောက်ခြင်းမျိုး၊ ကြယ်ကလေးတွေကို ကမ်းခြေမှာ ချစ်သူနဲ့အတူ ကြည်ရတဲ့အခိုက်အတန့်မျိုး ဖြစ်သင့်ကြောင်း ဆိုပါတယ်။
source : thesun.co.uk
 
Top