ကမ္ဘာကြီး၏ မည်သည့်နေရာတွင် မဆို Air Force One ရောက်သည့်နေရာ တိုင်းတွင်ရှိနေတတ်သည့် Air Force One ၏အရိပ်မှာ E-4B Doomsday လေယာဉ်ဖြစ်သည်။ လေယာဉ်အုပ်အ တွင်းရှိ E-4B Nightwatch လေယာဉ် လေးစင်းသည် Boeing 747s လေယာဉ်များကို မွမ်းမံပြင်ဆင်ထားခြင်းဖြစ်ပြီး အ မေရိကန်သမ္မတက ပြည်ပသို့သွားရောက် သည့်အခါတိုင်း လိုက်ပါကြရသည်။ နျူကလီးယားစစ်ပွဲဖြစ်လာခဲ့ပါက ကာကွယ် ရေးဝန်ကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ထိပ်တန်းအရာရှိကြီး များနှင့် သမ္မတအတွက် အကောင်းဆုံးကွပ် ကဲရေးစင်တာများဖြစ်ပြီး လေတပ်အတွင်း ရှိ အခြားမည်သည့်လေယာဉ်ကမှ မတုပနိုင်သည့်စွမ်းရည်များရှိသည်။ အမေရိကန် လေတပ်သမိုင်းကြောင်းတွင် မည်သည့် လေယာဉ်နှင့်မဆို တွဲဖက်လှုပ်ရှားနိုင်ပြီး စုစုပေါင်းအမှုထမ်း ၁၁၂ ဦးပါဝင်သည်။လေယာဉ်တွင် အထပ်ပေါင်းသုံးထပ်ရှိပြီး ဝေဟင်အတွင်း လောင်စာဖြည့်တင်းနိုင်ကာ နာရီပေါင်း ၃၅ နာရီကျော် ပျံသန်းနိုင် သည်။ နီဘရာစကာပြည်နယ် အိုမာဟာ မြို့အနီးရှိ အောက်ဖွတ်လေတပ်အခြေစိုက် စခန်းတွင် အခြေစိုက်သည်။ မြေပြင်ဆက် သွယ်ရေးများအားလုံး ပြတ်တောက်သွား သည့်တိုင်အောင် နျူကလီးယားရေငုပ် သင်္ဘောစုနှင့် ဆက်သွယ်နိုင်ရန်ပြုလုပ် ထားသည်။ စစ်အေးခေတ်ကာလအတွင်း ၁၉၇၀ ပြည့်နှစ်တွင် E-4Bs ကိုစတင် အသုံးပြုခဲ့ပြီး စစ်ပွဲတစ်လျှောက်လုံး အန်ဒရူးလေဆိပ်တွင် အဆင်သင့်ပြင်ထားကာ ၁၅ မိနစ်အတွင်း သမ္မတနှင့် အတူပျံတက် နိုင်ရန်လုပ်ဆောင်ထားသည်။ ယခုအခါတွင် လည်း နျူကလီးယားစစ်ပွဲဖြစ်ပွားလာမည် ဆိုပါက E-4Bsသည် သမ္မတကို အန္တရာယ် ကင်းအောင် လုပ်ဆောင်ပေးနိုင်သည့်နည်းလမ်းတစ်ခုအဖြစ် မှတ်ယူထားကြဆဲဖြစ် ကြောင်း သိရသည်။
 
Top