ကြော်ငြာက ကျွန်တော်စီစဉ်တာမဟုတ်တဲ့အတွက် ကြော်ငြာပါအကြောင်းအရာအားလုံးကိုလည်း တာဝန်မယူထားပါဘူး၊
မှန်တယ်၊မှားတယ် ဆိုတာကို ပရိသတ်များရဲ့သဘောဆန္ဒအလျောက် လွတ်လပ်စွာယူဆခွင့်ရှိပါတယ်၊
ဒီကားကိုရိုက်တဲ့ဒါရိုက်တာတစ်ယောက်အနေနဲ့မဟုတ်ပဲ အပြင်ပရိသတ်တစ်ယောက်နေရာကနေ စဉ်းစားမယ်ဆိုရင်တော့ လူစိတ်ဝင်စားမှုအပေါ်မှာ တစ်ရာ ရာခိုင်နှုန်းအခြေတည်ထားတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ လူစိတ်ဝင်စားအောင်ကြော်ငြာတာကို ဘယ်သူကပဲလုပ်သည်ဖြစ်စေ မမှားဘူးလို့ပဲ မြင်မိပါတယ်၊
စိတ်ဝင်စားပြီး ရုံထဲရောက်သွားခဲ့ပြီးတော့မှတကယ်တမ်းမှာ ဇာတ်ကားက ပြီးစလွယ်၊ဖြစ်ကတတ်ဆန်းနဲ့ ဆူလွယ်နပ်လွယ် လုပ်စားထားရင်တော့ အဲဒါအကြီးမားဆုံးအပြစ်ဖြစ်သွားပါပြီ၊
လူစိတ်ဝင်စားအောင်ကြော်ငြာတဲ့အထိ မမှားသေးပေမယ့် စိတ်ဝင်စားမှုသက်သက်ကိုဗန်းပြပြီး ဇာတ်ကားကိုဖြစ်သလိုလုပ်ထားတာမျိုးဆိုရင်တော့ ပရိသတ်ပိုက်ဆံကို ညာယူတာနဲ့အတူတူပါပဲ...
ကျွန်တော်အဲဒါမျိုးတော့ ဘယ်တော့မှအဖြစ်မခံပါဘူး” လို့ ဖေ့စ်ဘွတ်ပေါ်ကနေပရိသတ်တစ်ယောက်ရဲ့အမေးကိုအခုလိုပြန်လည်ဖြေကြားထားတာပါ။
လူများကို ခြောက်လှန့်ရန်တစ္ဆေတစ်ကောင်ကို အလိုရှိနေပါသည်”ဇာတ်ကားကြီးကို ၁၂.၅.၂၀၁ရရက်မှ စတင်ကာပြည်တွင်းရုပ်ရှင်ရုံတွေမှာပြသနေတဲ့ဇာတ်ကားပါ။
ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးတင်ဆက်ထားပြီးမင်းမော်ကွန်း၊နိုင်းနိုင်း၊ထွန်းထွန်း၊ကျော်ကျော်ဗို၊ဇော်ဇော်အောင်၊သင့်ဇာဝင့်ကျော်၊စံရတီမိုးမြင့်တို့ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားပါ။
ကဲသင်ရော…“ လူများကို ခြောက်လှန့်ရန်တစ္ဆေတစ်ကောင်ကို အလိုရှိနေပါသည်”ဇာတ်ကားကြည့်ပြီပြီးလား….?
Source: ညိုမင်းလွင်ဖေ့ဘွတ်