သရုပ်ဆောင်နေဒွေးဟာ တစ်နှစ်တစ်ခါ လုပ်နေကျအတိုင်း မြောက်ဥက္ကလာမြို့နယ် ရွှေပေါက္ကံက ရွှေပါရဂူကျောင်းတိုက်မှာ ရှင်ဇနက ဆိုတဲ့ ဘွဲ့နာမည်နဲ့ ရဟန်းဝတ်ခဲ့ပါတယ် ။ ယခုလက်ရှိမှာတော့ ဂတုံးဇာတ်ရုပ်နဲ့ ရုပ်ရှင်တစ်ကားကိုရိုက်ကူးလျှက်ရှိပါတယ် ။ သရုပ်ဆောင်နေဒွေးက

အားပေးတဲ့ပရိတ်သတ်တွေအတွက်အလှုတွေလုပ်ပေး ၊ မိဘကိုကျေးဇူးဆပ်ဖို့ ဘုန်းကြီးဝတ်တဲ့အပြင် ချစ်သူအတွက်ကိုတော့ သူစိတ်ချမ်းသာအောင်ထားပါတယ်လို့ ပွင့်ပွင့်လင်းလင်းပဲဆိုပါတယ် ... အနုပညာကိုအာရုံစိုက်နေတာကြောင့် သူ့ အပေါ်လစ်ဟင်းမိတာတွေ ရှိတာမို့ စိတ်မကောင်းဘူးဆိုတဲ့ နေဒွေးက

Personal နဲ့ အလုပ်ကိုခွဲခြားထားတာမို့ သူလဲ သူ့အလုပ်နဲ့ သူကိုယ်လဲကိုယ့်အလုပ်နဲ့ ကိုယ် အရင်ကအတူတူသွားဖြစ်ပေမယ့် မတွေ့ဖြစ်တာများနေတယ်လို့လဲဆိုထားပါတယ် ။ သူ့ချစ်သူကို အချို့လူတွေတော့သိကြပါတယ်တဲ့ ။ ပရိတ်သတ်ကိုတော့ အိမ်ထောင်ပြုကာနီးမှပြောပြတော့မယ် ။ ယူဖို့ကျိန်းသေသွားရင်ပြောပြမှာပါလို့ဆိုပါတယ် ။ သူလေးက ဘယ်သူဆိုတာ သိကြလား ပရိတ်သတ်ကြီးရေ ... ?
 
Top