Home
»
ဗဟုသုတ
» ကမ္ဘာပေါ်မှာအသန့်ရှင်းဆုံး မြို့(၅)မြို့
1. Bern, Switzerland
ဆွစ်ဇာလန်နိုင်ငံမှာတည်ရှိတဲ့ Bernမြို့ဟာ ကမ္ဘာပေါ်မှာ
အသန့်ရှင်းဆုံးမြို့ပါ။ အစိုးရက လမ်းတွေမှာရှင်းလင်းပြီးသန့်ရှင်း
နေအောင်အထူးဂရုစိုက်ပါတယ်။ ဒီမြို့ဟာ
ဆွစ်ဇာလန်နိုင်ငံရဲ့မြို့တော်လည်းဖြစ်ပါတယ်။
2. Helsinki, Finland
ကမ္ဘာပေါ်မှာ အသက်ရှုလို့အကောင်းဆုံးနေရာလို့တောင် ညွှန်းဆိုကြပါတယ်။ နောက်ပြီး လည်ပတ်သင့်တဲ့နေရာတစ်ခု
လည်းဖြစ်ပါတယ်။ ဖင်လန်နိုင်ငံရဲ့မြို့တော်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
3. Wellington, New Zealand
Wellington မြို့ဟာ နယူးဇီလန်နိုင်ငံက မြို့တစ်မြို့ဖြစ်ပြီး လူအရမ်းထူထပ်တဲ့မြို့တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြို့ကတော့ အရမ်းကိုသန့်ရှင်းပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေလည်း အလာများပါတယ်။
4. Copenhagen, Denmark
ဒိန်းမတ်နိုင်ငံရဲ့မြို့တစ်မြို့ဖြစ်တဲ့ ကိုပင်ဟေဂင်မြို့ဟာလည်း
အသန့်ရှင်းဆုံးမြို့ထဲမှာ ပါဝင်ပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ဖြ
ဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်တွေ ပေါကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။
5. Minneapolis, USA
Minneapolis မြို့ဟာ မစ္စစ္စပီမြစ်ရဲ့ဘေးမှာတည်ရှိပြိး ချမ်းသာတဲ့မြို့လေးတစ်မြို့ဖြစ်တဲ့အပြင် အရမ်းလည်း သန့်ရှင်းတဲ့
မြို့လေးဖြစ်ပါတယ်။