ယခုမှတ်တမ်းဗီဒီယိုကိုတော့ CCTV မှတ်တမ်းကနေရယူနိုင်ခဲ့ တာဖြစ်ပြီးတော့ ရေကူးကန်ရဲ့ အလယ်မှာ ဘောကွင်းလေးကို ၀တ်ဆင်လို့ ရေပေါ်မှာ ဆော့ကစားနေတဲ့ ကလေးကို တွေ့ရမှာဖြစ်ပါ တယ်။ အစပိုင်းမှာတော့ အကုန်လုံး ချောချောမွေ့မွေ့ ပါဘဲ။
သို့သော်လည်း သိပ်မကြာခင် အချိန်တွင်းမှာဘဲ စောင့်ရှောက်သူတစ်ယောက် အခန်းပြင်ကိုထွက်သွားတဲ့ အခါမှာဘဲ ကလေးငယ်ဟာ အရှေ့ဘက်ကိုကူးလိုက်ပါတယ်။ဒီအချိန်မှာတော့ ခေါင်းဟာ ရေအောက်ဘက်ကိုစိုက်ကြသွားပြီး ခြေထောက်တွေကတော့ မိုးပေါ်ကိုထောင်သွားပါတော့တယ်။
ကလေးငယ်လေးဟာ ကယ်တင်မယ့်သူမရောက်ခင်အထိ ၇၂စက္ကန့်နီးပါး ရေအောက်မှာ ခေါင်းစိုက်နေခဲ့ပြီးတော့ အချိန်ကြာလာတာနဲ့ အမျှသူ့ရဲ့ လှုပ်ရှားမှု့တွေဟာ နှေးကွေးလာတာကိုတွေ့ရမှာဘဲဖြစ်ပါတယ်။ကလေးငယ်လေးရဲ့ ခြေထောက်တွေ မလှုပ်တော့ဘဲ ရပ်သွားတဲ့ အခါမှာတော့ အဲ့ဒီအဖြစ်အပျက်ကိုမြင်သွားတဲ့ လူနှစ်ယောက်ထဲက တစ်ယောက်ကအပြေးသွားလို့ ကလေးကို ဆွဲထုတ်ခဲ့ပါတော့တယ်။
ကံကောင်းစွာနဲ့ဘဲ ကလေးငယ်ဟာ အသက်ဘေးကနေကင်းလွတ်ခဲ့ပါတော့တယ်။ဒီအဖြစ်အပျက်ကတော့ မိဘတိုင်း ကြည့်ထားသင့်ပြီး သင်ခန်းစာယူသင့်တဲ့ အဖြစ်အပျက်တစ်ခုဘဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ သင့်ရဲ့ ကလေးကို ဘယ်လောက်ဘဲ အန္တရာယ်ကင်းပါတယ်ပြောပြောတစ်ယောက်ထဲ ရေကူးခွင့် မပြုဖို့ အတွက် တိုက်တွန်းလိုက်ပါရစေ။
Post a Comment