သစ်ခွစိုက်ရာတွင်ခက်ခဲမှုပြဿနာများ ဖြေရှင်းနည်း
(လက္ခဏာ) ပန်းမပွင့်ခြင်း
(ပြဿနာ) နေရောင်နည်းခြင်း၊
နေရာအထားမမှန်ခြင်း၊ ပန်းပွင့်ဆေးပုံမှန်မဖျန်းခြင်းတို့ကြောင့်ဖြစ်။
(ကုသရန်) အပင်အမျိုးအစားပေါ်မူတည်၍
နေရောင်ရရှိအောင်ထားခြင်း၊ လေ၀င်လေထွက်ကောင်းအောင်ထားခြင်း၊ N:P:K ၁၇၊ ၂၇၊ ၂၇ / ၁၀၊ ၅၂၊ ၁၇ ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပါ။
(လက္ခဏာ) အရွက်ကြွေခြင်း
(ပြဿနာ) ရေနည်းခြင်း၊
ရေငတ်ခြင်း၊ ရေများခြင်း၊ နေရောင်များခြင်း၊ လေသလပ်မှုနည်းခြင်း၊ မှိုရောဂါကျရောက်ခြင်းတို့ကြောင့်
ဖြစ်။
(ကုသရန်) ပုံမှန်ရေလောင်းခြင်း၊
လေသလပ်မှုကောင်းရန်၊ နေရောင်ပုံမှန်ရရန်ထားပေးခြင်း၊ မှိုသတ်ဆေးဖျန်းပေးခြင်းတို့ကို
ပြုလုပ်ပါ။
(လက္ခဏာ) အမြစ်ပုပ်ခြင်း၊
ပင်စည်ပုပ်ခြင်း
(ပြဿနာ) မိုးများခြင်း၊
အပင်စိုက်နည်းစနစ်မမှန်ကန်ခြင်း၊ မှိုရောဂါကျရောက်ခြင်းတို့ကြောင့်ဖြစ်။
(ကုသရန်) မှိုသတ်ဆေး
ဖျန်းပေးခြင်း၊ မိုးများဒဏ်ကိုကာကွယ်ခြင်း(ပလပ်စတစ် မိုးပေးခြင်း၊ အလင်းရောင်များသည့်အရိပ်အောက်တွင်
ထားပေးခြင်း) လေသလပ်မှုရှိအောင်ထားပေးခြင်း၊ ပုပ်သည့်နေရာများကိုဖြတ်တောက်ဖယ်ရှား၍
ထုံးသုတ်ပေးခြင်း၊ (အရွက်ပုပ်များကို အနီးတွင်မထားရ) ပန်းအိုးစိုက် မီးသွေး အုန်းခွံ
အခြားအစာဟောင်းများ အသစ်လဲပေးခြင်းတို့ကို ပြုလုပ်ပါ။
(လက္ခဏာ) အရွက်ဝါခြင်း
(ပြဿနာ) ရေများခြင်း၊
မိုးများခြင်း၊ နေပူကာလအတွင်း ရေဖျန်းခြင်း၊ နေပူကာလအတွင်း ဆေးဖျန်းခြင်း၊ သုံးစွဲသော
ဆေးများ အချိုးအစားများခြင်း၊ နိုတ်ထရိုနည်းခြင်းတို့ကြောင်းဖြစ်။
(ကုသရန်) သစ်ခွအိုးအတွင်း
အစာများ အမြဲစိုစွတ်နေခြင်းမှ ကာကွယ်ခြင်း၊ ဆေးဖျန်းခြင်းကို နံနက်ပိုင်း၊ မှို၊ ဘက်တီးရီးယား
သတ်ဆေးကို ညနေပိုင်းဖျန်းပေးခြင်း၊ သုံးစွဲသောဆေးများကို အညွှန်းထက်မပိုအောင်သုံးစွဲခြင်း၊
၂၁-ပတ်လည်(သို့မဟုတ်) ၁၄-ပတ်လည်မြေသြဇာများပုံမှန်ကျွေးပေးခြင်းတို့ကို ပြုလုပ်ပါ။
(လက္ခဏာ)ပန်းပွင့်၏အဖူးထွက်ပြီးမှ
ညှိုး ပျက်ခြင်း
(ပြဿနာ) အဖူးတံကို
ပင့်ကူမှေးများဖြင့် ရစ်ပတ်ခြင်း၊ သုံစွဲသောဆေး အချိုးအဆများခြင်း၊ ပန်းပွင့်မြေသြဇာသုံးစွဲရန်လိုအပ်ခြင်း၊
ရသင့်သော နေရောင်နည်းခြင်းတို့ကြောင့်ဖြစ်။
(ကုသရန်) ပိုးသတ်ဆေးဖျန်းပေးခြင်း၊
အပင်အမျိုးအစားအလိုက် စိုက်ပျိုးနေရာပြုပြင်ပေးခြင်း၊ ပန်းပွင့်မြေသြဇာ N:P:K
၁၇၊ ၂၇၊ ၂၇ / ၁၀၊ ၅၂၊ ၁၇ ဖျန်းပေးခြင်းတို့ကို
ပြုလုပ်ပါ။
(လက္ခဏာ)ပန်းပွင့်တွင်
အမည်းစက်များ ဖြစ်ပေါ်ခြင်း။
(ပြဿနာ)မှိုရောဂါကျခြင်း၊ စိုထိုင်းဆများခြင်းတို့ကြောင့်ဖြစ်။
(ကုသရန်)ရောဂါကျပန်းများ
ခြွေဖျက်ခြင်း၊ မှိုသတ်ဆေးဖျန်းခြင်း၊ စိုထိုင်းဆ နည်းရန်စီစဉ်ခြင်းတို့ပြုလုပ်ပါ။
(လက္ခဏာ)အရွက်ပျော့ခြင်း(အရွက်ရောင်
အစိမ်းရင့်ရောင်ဖြစ်နေခြင်း)
(ပြဿနာ)နေရောင်နည်းခြင်းကြောင့်ဖြစ်။
(ကုသရန်)နေရောင်
ပိုမိုရရှိအောင် စီစဉ်ပါ။
(လက္ခဏာ)အရွက်ကျစ်၍သေးငယ်ခြင်း။(အရွက်ရောင်အစိမ်းနုရောင်ဖြစ်နေခြင်း)
(ပြဿနာ)နေရောင်များခြင်းကြောင့်ဖြစ်။
(ကုသရန်)နေရောင်လျှော့ရန်စီစဉ်ပါ။
(လက္ခဏာ)အရွက်ပေါ်တွင်အမည်းစက်များဖြစ်ပေါ်ခြင်း၊
(ပြဿနာ)မှိုရောဂါကျခြင်း၊ ပိုးမွှားများမှ အရွက်ပေါ်စုပ်ယူခြင်း၊
စိုထိုင်းဆများခြင်း၊ ရောဂါကျပြီးအရွက်များမှ ထပ်မံကူးစက်ခြင်းတို့ကြောင့်ဖြစ်။
(ကုသရန်)မှိုသတ်ဆေး၊ပိုးသတ်ဆေးဖျန်းပေးခြင်း၊
စိုထိုင်ဆများခြင်းမှ ကာကွယ်ပေးခြင်း၊ ရောဂါကျအရွက်များကိုဖယ်ရှားဖျက်ဆီးခြင်းတို့
ပြုလုပ်ပါ။
(လက္ခဏာ)အပင်သန်စွမ်းမှုမရှိခြင်း။
သားတက်မထွက်၊ ပန်ခိုင်မထွက်ခြင်း။
(ပြဿနာ)အပင်ဟောင်းဖြစ်လာခြင်း၊ အရွက်ပင်စည် အိုးတွင်းအစာများ
ရေညှိများဖုံးလွမ်းလာခြင်းတို့ကြောင့်ဖြစ်။
(ကုသရန်)ရေညှိများဆေးပေးခြင်း၊
အိုးသစ် အစာသစ်လဲပေးခြင်းတို့ပြုလုပ်ပါ။
(လက္ခဏာ)ပင်စည်၏အပေါ်ပိုင်းမှ
သားတက်ထွက်လာခြင်း(ဒင်ဒရိုဘီယမ်သစ်ခွ)
(ပြဿနာ)စိုက်ပျိုးသည့်အခြေအနေ(သို့မဟုတ်)အစာမကောင်းခြင်းတို့ကြောင့်ဖြစ်။
(ကုသရန်)အိုး အစာအသစ်ပြုပြင်ထည့်ပေးခြင်း၊ စိုက်ပျိုးသည့်နေရာပြောင်းလဲပေးခြင်း၊
ဓါတ်မြေသြဇာ ပုံမှန်ဖျန်းပေးခြင်းတို့ပြုလုပ်ပါ။
(လက္ခဏာ)ပန်းပွင့်တွင်
အရောင်မညီမညာ လိုင်းကြောင်းများပေါ်လာခြင်း၊ ပွင့်ဖတ် ပွင့်ချပ်အနားများ တွန့်လိပ်လာခြင်း။
(ပြဿနာ)Virus ရောဂါကျရောက်ခြင်းကြောင့်ဖြစ်။
(ကုသရန်)ရောဂါကျအပင်ကို
မီးရှို့ဖျက်ဆီးပစ်ပါ။
(လက္ခဏာ)ခေါင်ပုပ်ခြင်း(ဗင်ဒါ၊
ကက်တလီယာ၊ လိပ်ပြာပန်းသစ်ခွအုပ်စု)
(ပြဿနာ)မိုးများခြင်း၊ အပင်၏ထိပ် ခေါင်အတွင်းရေ၀ပ်ခြင်းကြောင့်ဖြစ်။
(ကုသရန်)မိုးတွင်းကာလ
မိုးဒဏ်ကာကွယ်ရန် ပလပ်စတစ်မိုးပေးခြင်း၊ ခေါင်အတွင်းမှ ရေများထုတ်ပေးခြင်းတို့ပြုလုပ်ပါ။
(လက္ခဏာ)အရွက်၊
ပင်စည်၊ အမြစ်၊ အိုးများတွင်အမည်းစက်ဝိုင်းလေးများတွယ်ကပ်လာခြင်း၊ အဖြူရောင်မှိုများဖြစ်ပေါ်လာခြင်း။
(ပြဿနာ)စိုက်သောအပင်ကာလကြာသဖြင့် အစာဟောင်းဆွေးမြေ့ကာ
ပိုးငယ်များတွယ်ကပ်လာခြင်း၊ မှိုရောဂါကျရောက်ခြင်းတို့ကြောင့်ဖြစ်။
(ကုသရန်)အိုး အစာ အသစ်လဲပေးခြင်း၊ အပင် အမြစ်တို့တွင်ကပ်ရောက်နေသော
အမည်းစက်များ ပိုးငယ်များကို ဖယ်ရှားခြင်း၊ မှိုသတ်ဆေးဖျန်းပေးခြင်းတို့ ပြုလုပ်ပါ။