0




အင်ဒိုနီးရှားနိုင်ငံ၊ မာလန်ကျေးရွာမှာ နေထိုင်တဲ့ အသက်၃၅နှစ်အရွယ် အမျိုး သား အဘဒူလာရှိုလာက ခုနစ်နှစ်သား အရွယ် ကျားမတစ်ကောင်နဲ့ အရင်းနှီး ဆုံးမိတ်ဆွေတွေအဖြစ် အတူတကွ တ ရင်းတနှီးနေထိုင်လျက်ရှိတယ်လို့ သိရပါ တယ်။ ဘင်္ဂလားကျား အမျိုးအစားဖြစ် ပြီး ကျားပေါက်ကလေး အရွယ်ကတည်းက အဘဒူလာနဲ့ မိတ်ဆွေတွေအဖြစ်အတူ ရင်းနှီးစွာ နေထိုင်ခဲ့ကြတာလို့သိရပါ တယ်။ အန္တရာယ်များတဲ့ကျားကြီးနဲ့ အ တူနေထိုင်တာကြောင့် ရွာတွင်းမှာ လူ တွေနဲ့အတူ နေထိုင်ခွင့်မပြုဘဲ ရွာရဲ့ အ စွန်အဖျားမှာ ကျားကြီးနဲ့အတူ နှစ်ဦးသား ငြိမ်းချမ်းစွာနေထိုင်တယ်လို့ အဘဒူလာ က ဆိုပါတယ်။ တစ်နှစ်ပြီးတစ်နှစ်တိုးပြီး အတူနေထိုင်လာကြရင်း နှောင်ဖွဲ့ထားတဲ့ သံယောဇဉ်ကလည်း တစ်ရစ်ပြီးတစ်ရစ် တိုးပြီး တွယ်လာတာကြောင့် မိတ်ဆွေ ရောင်းရင်း ကျားကြီးမူလန်ကို လက်လွှတ် မခံနိုင်ဘူးလို့ အဘဒူ လာက ဆိုပါတယ်။ ကျားကြီးကို အသားတွေကိုယ်တိုင်ရှာဖွေ ကျွေးမွေးထားပြီး ယနေ့ချိန်ထိ မာလန် ကျေးရွာရဲ့အစွန်အဖျားလေးမှာ အဘဒူ လာနဲ့ ကျားကြီးမူလန်တို့ အတူတကွ နေ ထိုင်နေဆဲပဲလို့ သိရပါတယ်။
(CD, 22.5.17)

Post a Comment

 
Top