0

အင်ဂျင်နီယာများဟာ လေဆာရောင်ခြည်ဖြင့် သုံးဖက်မြင်ပုံရိပ်များ ဖန်တီးနေကြပြီး အောင်မြင်မှုအချို့ ရရှိခဲ့ကြပြီးပါပြီ။ မကြာခင်ကလည်း ပြင်သစ်သမ္မတလောင်း Jean-Luc Melenchon ရဲ့ သုံးဖက်မြင် Hologramကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ Hologram များဟာ အလွန်နီးစပ်တဲ့ အနေအထားသာ ရှိပါတယ်။ ပြည့်စုံတဲ့ Holograms ကို ဖန်တီးဖို့အတွက် ကြားခံဒြပ်ထုဟာ အလွန်ပါးလွှာဖို့ လိုအပ်ပါတယ်။ 

အခုတော့ သြစတြေးလျနဲ့ တရုတ်သိပ္ပံပညာရှင်များက လူရဲ့ဆံချည်မျှင်ထက် အဆ 1000 ပါးလွှာတဲ့ ကြားခံဒြပ်ထုကို အသုံးပြု၍ ကမ္ဘာ့အပါးလွှာဆုံး Hologram ကို ဖန်တီးနိုင်လိုက်ပါတယ်။ RMIT University ရဲ့ ပါမောက္ခဖြစ်သူ Min G ကဦးဆောင်တဲ့ပညာရှင်အဖွဲ့ဟာ 25-nanometer အထူရှိတဲ့ topological thin film insulator ကိုအသုံးပြုခဲ့ကြပြီး လေဆာရောင်ခြည်ဖြင့် သုံးဖက်မြင်ပုံရိပ်ကို ဖန်တီးခဲ့ကြပါတယ်။ 

ထူးခြားတာက သူတို့ရဲ့ သုံးဖက်မြင့်ပုံရိပ်ကို 3D မျက်မှန်မပါဘဲ ကြည့်ရှုနိုင်တာ ဖြစ်ပါတယ်။ အဲဒီနည်းပညာကို စမတ်ဖုန်း၊ တက်ဘလက်နဲ့ တီဗီများလို Con­sumer Electronics များမှာ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

 '' သမားရိုးကျ ကွန်ပျူတာဖန်တီးတဲ့ Holo­grams များဟာ အီလက်ထရောနစ်ကိရိယာများအတွက်အလွန်ကြီးမားပါတယ်။ ကျွန်တော်တို့ရဲ့ အလွန်ပါးလွှာတဲ့ Hologram က အဲဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဒီနည်းပညာကို မြောက်များစွာထုတ်လုပ်ရောင်းချနေကြတဲ့ အီလက်ထရောနစ်ကိရိယာများမှာ ထည့်သွင်းဖို့ အဆင်ပြေပါတယ် " လို့ Min Gu က ရှင်းပြပါတယ်

နာက်အဆင့်အနေဖြင့် 3D Holographic Display ကိုဖန်တီးဖို့ LCD Screen မှာ အလွန်ပါးလွှာတဲ့
 ဖလင်ပြားကို ထည့်သွင်းနိုင်အောင် ဖန်တီးမှာဖြစ်ပါတယ်လို့ Beijing Institute of Technology မှ ဒေါက်တာ Zengyi Yue က ပြောပါတယ်။
Ref: Net Guide

Post a Comment

 
Top