0
iaomiကုမ္ပဏီမှဈေးနှုန်းသင့်စမတ်ဖုန်းအများအပြားထုတ်လုပ်ခဲ့ပြီးယင်းထဲမှဖုန်းအသုံးပြုသူများကြိုက် နှစ်သက်သည့်ဘတ်ဂျက်စမတ်ဖုန်း(၅) မျိုးကိုအောက်တွင်ဖော်ပြပေးထားပါသည်။
ဘတ်ဂျက်စမတ်ဖုန်းများထဲမှလူကြိုက်များသည်မှာ Redmi Series ဖြစ်ပြီး Redmi 4A နှင့် Redmi Note 4 အစရှိသည့်စမတ်ဖုန်းများပါဝင်နေပါသည်။

Redmi 4A

ယခင်နှစ်နိုဝင်ဘာလတွင်မိတ်ဆက်ခဲ့သည့် Redmi 4A မှာ 5လက်မမျက်နှာပြင်၊ 720x1280 pixels resolution ရှိပြီးQuad-core Qualcomm Snapdragon 425 chipset အသုံးပြုထားပါသည်။
RAM 2GB နှင့် internal storage 16GB ပါဝင်ပြီး 128GB အထိတိုးချဲ့နိုင်ပါသည်။
နောက်ကင်မရာ 13MP နှင့် ရှေ့ကင်မရာ 5MP ရှိပြီး Android Marshmallow, 3120mAh ဘက်ထရီအသေတို့ကိုအသုံးပြုထားပြီး ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၉၃ ရှိကြောင်းသိရသည်။

Xiaomi Redmi Note 4
Xiaomi Redmi Note 4 ကို ဗားရှင်းသုံးမျိုးဖြင့် January တွင်မိတ်ဆက်ခဲ့ပြီး ရွှေရောင်၊ ခဲရောင်၊ အနက်ရောင်၊ ငွေရောင်ဟူ၍ရရှိနိုင်ပါသည်။
Dual-SIM ကဒ်ကိုအသုံးပြုနိုင်ပြီး Xiaomi ၏ MIUI 8 ကိုအခြေခံထားသည့် Android 6.0 Marshmallow ကိုအသုံးပြုထားပါသည်။
Redmi Note 4 ကို 2.5D curved glass နှင့်ဖုံးအုပ်ထားပြီး 5.5လက်မ full-HD(1080 x 1920 pixels) ရုပ်ထွက်ရရှိမည်ဖြစ်သည်။
Snapdragon 625 SoC ကိုအသုံးပြုပြီး RAM 3GB နှင့် 4GB နှစ်မျိုးလာပါသည်။
ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၁၅၀ ၀န်းကျင်ဖြစ်ပါသည်။

Xiaomi Redmi 4
Redmi 4 ၏ဈေးနှုန်းမှာ RAM 2GB, 16GB storage အတွက်(ရူပိး 6999-အမေရိကန်ဒေါ်လာ 110 ၀န်းကျင်)၊ RAM 3GB ၊ 32GB inbuilt storage အတွက် ရူပီး 8999 - အမေရိကန်ဒေါ်လာ 140 ဝန်းကျင်၊ RAM 4GB ၊ ROM 64GB အတွက် ရူပီး 10999 - အမေရိကန်ဒေါ်လာ 170 ဝန်းကျင်ရှိကြောင်းသိရသည်။
ယင်းစမတ်ဖုန်းမှာ Snapdragon 435 chipset ပါဝင်ပြီးသတ္တုကိုယ်ထည်ဒီဇိုင်းနှင့်နောက်ကျောဘက်
တွင် fingerprint sensor ပါဝင်ပါသည်။
2.5D curved glass display နှင့် 5 လက်မ HD (720 x 1280 pixels) ရှိသည့်မျက်နှာပြင်များ အသုံးပြုထားပါသည်။

Xiaomi Redmi 3S
ယင်းစမတ်ဖုန်းကိုဖုန်းစစချင်းအသုံးပြုသူများအတွက်အဓိကရည်ရွယ်ထုတ်လုပ်ထားပြီး သတ္တုကိုယ်ထည်နှင့်ဘက်ထရီခံနိုင်အား 4100 mAh ရှိပါသည်။
Qualcomm Snapdragon 420 SoC အသုံးပြုထားသည့် Xiaomi Redmi 3S မှာ 13-megapixel နောက်ကင်မရာ၊ selfies အတွက် 5-megapixel ရှေ့ကင်မရာပါဝင်ပါသည်။
1.1GHz octa-core Qualcomm Snapdragon 430 processor အသုံးပြုထားပြီး RAM 2GB internal storage 16GB ကို 128GB အထိတိုးချဲ့အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ဈေးနှုန်းကရူပီး 6999 - အမေရိကန်ဒေါ်လာ 110 ဝန်းကျင်ရှိပါသည်။

Redmi 3s Prime
Redmi 3s Prime ကို 5 လက်မ (720 x 1280 pixels) display အသုံးပြုထားပြီး RAM 3GB internal storage 32GB ပါဝင်ပါသည်။
အနောက်ကင်မရာအတွက် 13MPနှင့် ရှေ့ကင်မရာအတွက် 5MP ပါဝင်သည်ကိုတွေ့ရပါသည်။
Android 6.0.1 နဲ့ ဘက်ထရီခံနိုင်အားက 4100 mAh ရှိပါသည်။
Qualcomm Snapdragon 430 chipset အသုံးပြုထားပြီး ဈေးနှုန်းကအမေရိကန်ဒေါ်လာ 140 ၀န်းကျင်ရှိကြောင်းသိရသည်။
Source:Net Guide Journal

Post a Comment

 
Top