0


ကားနီလေး Lightning McQueen ဦးဆောင်တဲ့ Cars 3 ဟာ Box Office ထဲကို အရှိန်အဟုန် ကောင်းကောင်း နဲ့ ပန်းဝင်ခဲ့ပါတယ်။မြောက်အမေရိက ဈေးကွက်မှာ တပတ်စာရုံဝင်ငွေ 53 သန်းကျော်ရရှိထားပြီး တကမ္ဘာလုံးရုံဝင်ငွေ ကန်ဒေါ်လာ 75 သန်းနီးပါးရရှိထားပါပြီ။

ဒုတိယနေရာမှာ ရပ်တည်နေတဲ့ Wonder Woman ကတော့ ပြသချိန် တတိယ အပတ်မှာ ကန်ဒေါ်လာ သန်း 40 ကျော်ရရှိထားပြီး ရုံဝင်​​ငွေ စုစုပေါင်း ကန်ဒေါ်လာ သန်း 571 ကျော်ရရှိထားပါပြီ။

Rap Legend တဦးတဲ့ Tupac Shakur ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ "All Eyez on Me" က တတိယနေရာမှာရှိနေပြီးတပတ်စာရုံဝင်ငွေ 27 သန်းကျော်ရရှိထားပါတယ်။

ဂျင်းကား "The Mummy" ကတော့ တပတ်စာရုံဝင်ငွေ 13သန်း ကျော်ရရှိထားပြီး worldwide စုစုပေါင်း ကန်ဒေါ်လာ သန်း 300 နီးပါးရရှိထားပါပြီ။ Tom Cruise ပရိသတ်​ အားကနဲ့တော့ ရုံဝင်ငွေကကောင်းဆဲပါ။

နံပတ်ငါးနေရာမှာတော့ ငါးမန်းကား "47 Meters Down" က တပတ်စာရုံဝင်ငွေ 11 သန်းရရှိထားပါတယ်။

Post a Comment

 
Top