0

  Pirates of the Caribbean : Dead Men Tell No Tales


Pirates of the Caribbean ကားတွေရဲ့ ငါးကားမြောက်ဇာတ်ကားဖြစ်ပြီး ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Pirates of the Caribbean : On Stranger Tide ကားရဲ့ အဆက်ဖြစ်ပါတယ်။ Joachim Ronning နဲ့ Espen Sandberg တို့က ရိုက်ကူးထားပြီး Johnny Depp ၊ Kevin McNally နဲ့ Geoffrey တို့က Jack Sparrow၊ Joshamee Gibbs နဲ့ Hector Barbossa တို့အဖြစ် အသီးသီး ပြန်လည်သရုပ်ဆောင်ထားကြပါတယ်။ ဒါတင်မဟုတ်ဘဲ ရုပ်ရှင်စတားတွေ ဖြစ်တဲ့ Javier Bardem၊ Brenton Thwaites တို့လည်း ပါဝင်ထားပြီး ရှေ့ကကား On Stranger Tides မပါခဲ့တဲ့ Orlando Bloom နဲ့ Keira Knightley တို့လည်း Will Turner နဲ့ Elizabeth Swann အဖြစ်ပြန်လည်ပါဝင်လာကြပါတယ်။

ဒီကားကို ပထမတုန်းက ၂၀၁၅ ခုနှစ်မှာ ထွက်ရှိဖို့ စီစဉ်ခဲ့ပေမယ့် ဇာတ်ညွှန်းပြဿနာတွေနဲ့ ဘတ်ဂျတ်ကိစ္စတွေကြောင့် ၂၀၁၆ခုနှစ် ကနေ အခုလို ၂၀၁၇ခုနှစ် အထိ ရွေ့လာခဲ့ရတာပါ။ ဒီကားကို Disney Digital 3-D၊ RealD 3D နဲ့ IMAX 3D မှာ မေ ၂၆ရက်နေ့မှာ ပြသခဲ့ပြီး အကောင်းရော၊ အဆိုးရော ဝေဖန်သံတွေ ညံခဲ့ပြီး ပထမပတ်မှာတင် ဝင်ငွေ 365 Million ရရှိခဲ့ပါတယ်။ ဇာတ်ကားကြာချိန် ၁၂၉မိနစ်ကြာမြင့်ပြီး ဘတ်ဂျတ် $230 Million သုံးထားတဲ့ ဒီကားဟာ လက်ရှိ Box Office မှာ နံပါတ် (၁)နေရာကို ရရှိထားပါတယ်။

ပြသမယ့်ရုံတွေကတော့
ရန်ကုန် –  သမ္မတ၊သွင်၊ မင်္ဂလာ(သိမ်ကြီးဈေး)၊ မင်္ဂလာစံပြ၊ Top Royal ပါရမီ စိန်ဂေဟာ၊ Mingalar Cineplex (ဂမုန်းပွင့်)၊ JCGV Junction City၊ JCGV Junction Square ။


Post a Comment

 
Top